Trending Now

မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးထံမှ ကာလတန်ဖိုး သိန်း (၂)သောင်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးထံမှ ကာလတန်ဖိုး သိန်း (၂)သောင်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးထံမှ ယမန်နေ့က ကာလတန်ဖိုးကျပ် သိန်း (၂)သောင်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူမှုန်းများနှင့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်နေမှု သတင်းအရ တာဝန်ရှိသူများက ရမ်ပူရပ်ကွက် နယ်မြေ (၂၂) လမ်းသွယ် (၂၇) တွင် စောင့်ဆိုင်းနေစဉ် ခေမာသီရိရပ်ကွက်မှ ရမ်ပူရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် တစ်စီးကို ပေးဆပ်သူ နာရေးကူညီမှုအသင်းရုံးအနီးတွင် တားဆီးစစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်လာသူ၏ ကျောပိုးအိပ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါရောင် အမှုန့် (၁၁၀) ဂရမ်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးမိသူကို ဆက်လက်စစ်ဆေးကြည့်ရာမှာ ၎င်း၏နေအိမ် အိပ်ခန်းအတွင်းမှ ဘိန်းဖြူမှုန့်စုစုပေါင်း ဂရမ် (၆၃၀)နှင့် တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၁၄၀၀၀၀)ပြားကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်တယ်၊ ပုံမှန်စောင့်ဆိုင်း ဖမ်းဆီးလေ့ရှိတဲ့နေရာတော့ မဟုတ်ပါဘူး၊ ဒီလို မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီးမိနိုင်ရေး၊ မှုခင်းကျဆင်းရေးတွေပြုလုပ်ရာမှာလဲ ပြည်သူတွေရဲ့ သတင်းပေးတိုင်းကြာမှုက အရေးကြီးပါတယ်၊ ဒါကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”ဟု မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ ဖမ်းဆီးရမိသူ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ (ဖြူ/ဝါရောင်း) အမှုန့် (၇၄၀) ဂရမ် ကာလတန်ဖိုး ကျပ်သိန်း (၂၉၀)ကျော်နှင့် တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြားအလုံးရေ (၁၁) သိန်းကျော်ကာလတန်ဖိုးကျပ်သိန်း (၁၇၀၀)ကျော် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း (၂၀၀၀၀)ကျော်ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမိသူမှာ မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက် နယ်မြေ(၄)တွင် နေထိုင်သူ အသက် (၂၉)နှစ်အရွယ် ကိုဖြိုးပြည့်စုံ (ခ) ငယ်ငယ် ဆိုသူဖြစ်ကာ မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သည့်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။