Trending Now

ဆီးရီးယားမှာဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါဖြစ်ပွားမှုကို ပြင်ထန်တဲ့ ခြိမ်းခြောက်မှုအဖြစ် ကုလသတိပေး

Spread the love

ဆီးရီးယားမှာဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါဖြစ်ပွားမှုကို ပြင်ထန်တဲ့ ခြိမ်းခြောက်မှုအဖြစ် ကုလသတိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

ဆီးရီးယားမှာ ကာလဝမ်းရောဂါဖြစ်ပွားမှုပြန့်နှံနေပြီး ရောဂါဖြစ်ပွားမှုဟာ မိုးခေါင်ရေရှားခြင်း၊ အခြေခံအဆောက်အုံပျက်စီးခြင်းတွေ နဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။

ဆီးရီးယားရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှု Imran Riza က ဒီရောဂါဖြစ်ပွားမှုဟာ ညစ်ညမ်းတဲ့ရေနဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးခြင်း၊ နိုင်ငံအတွင်း စီးဆင်းနေတဲ့ ယူဖရေးတီးမြစ်က ရေတွေကို သောက်သုံးသူတွေနဲ့ ဆက်စပ်နေတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ဒါရိုက်တာ ရစ်ချက်ဘရန်နန် မှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ နိုင်ငံအဝှမ်း ရောဂါဖြစ်ပွားသူ ၉၆၃ ဦးရှိခဲ့ပြီး ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒါဟာ မကြာသေးမီနှစ်တွေက ပထမဆုံး အတည်ပြုခဲ့တဲ့ ကာလဝမ်းရောဂါဖြစ်ပါတယ် ပြန့်နှံမှုနှုန်းက စိုးရိမ်စရာရှိတဲ့အတွက် ဒီရောဂါကာကွယ်ရေးအတွက် ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။” လို့ ရစ်ချက်ဘရန်နန် က ပြောပါတယ်။

ဆီးရီးယားနိုင်ငံဟာ စစ်ပွဲဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အခြေခံအဆောက်အအုံတွေ ပျက်စီးသွားခဲ့ပြီး လူဦးအရေအများစုဟာ မသန့်ရှင်းတဲ့ ရေတွေကို အသုံးပြုနေရတဲ့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ လိုအပ်နေတယ်လို့ ကုလက ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အပှုလှိုင်းတွေကြောင့် ယူဖရေးတီးမြစ်ရေ ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရသလို မိုးခေါင်ရေရှားမှုတွေကြောင့် အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမှုတွေဟာလည်း ယခင်ရှိပြီးသားရောဂါဖြစ်ပွားမှုတွေကို ပိုမိုဆိုးရွားစေတဲ့အတွက် ပါကစ္စတန်အပါအဝင် ကာလဝမ်းရောဂါဖြစ်ပွားမှုအများအပြားကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အလှူရှင်တွေကို ရန်ပုံငွေတိုးမြှင့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းဆိုထားပါတယ်။

— ကိုးကား —
Ajazeera
ref; UN warns of ‘serious threat’ from Syria cholera outbreak

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။