Trending Now

တရုတ်နိုင်ငံအလယ်ပိုင်းက လူထောင်ပေါင်းများစွာဟာ အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး ဆန္ဒပြ

Spread the love

တရုတ်နိုင်ငံအလယ်ပိုင်းက လူထောင်ပေါင်းများစွာဟာ အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး ဆန္ဒပြ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၂

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၊ ကျန်းကျိုးမြို့မှာ ရှိတဲ့ တရုတ်ပြည်သူ့ဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုရှေ့မှာ လူထောင်ပေါင်းများစွာဟာ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့ စာတန်းတွေကိုင်ဆောင်ထားပြီ အသံကုန်ဟစ်ကာ ဆန္ဒပြခဲ့ကြတဲ့ ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲပါတယ်။

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ တရုတ်ပြည်သူ့ဘဏ်မှာ အပ်နှံထားတဲ့ သူတို့ရဲ့ ငွေတွေကို ပြန်လည် ထုတ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဏာပိုင်တွေက ငွေပြန်လည်ထုတ်ယူခွင့်မပေးဘဲ ထိမ်းချုပ်ထားခဲ့တာကြောင့် အခုလို စုပေါင်းဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းစနစ်ရဲ့ ပျက်စီးယိုယွင်းနေမှုကို ထင်ရှားစေတဲ့ အဆိုပါ ဆန္ဒပြပွဲကို အကြမ်းဖက်ရိုက်နှက် ဖြိုခွင်ခံလိုက်ရတဲ့အတွက် ဆန္ဒပြသူတွေဟာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ညနေပိုင်းမှာပဲ ဟီနန်ပြည်နယ် ဘဏ်လုပ်ငန်းက ပြည်သူတွေကို ငွေအချို့ပြန်လည် ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ယွမ် ငါးသောင်းအထိ အပ်ငွေရှိတဲ့ သူတွေကိုပဲ လာမယ့် ဇူလှိုင်လ ၁၅ ရက်နေ့မှာ စတင်ထုတ်ပေးသွားမှာ ဖြစ်ပြီး အခြားစီအစဉ်တွေကိုတော့ သီးခြားထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Source – SCMP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။