Trending Now
Spread the love
မြစ်ဆုံဆည်စီမံကိန်ကြောင်ပြောင်ရွေ့ခံ အောင်မြင်သာကျေးရွာကို အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်အတွင်းအပြီးသတ်​​ ဆောင်ရွက်မည်ဟု သိရ 
EPN
မြစ်ကြီးနား၊ မေ ၂ 
ဧရာဝတီမြစ်ညှာမြစ်ဝှမ်ရေအားလျှပ်ကုမ္ပဏီ SPIC/ACHC ကုမ္ပဏီ အနေဖြင့် မြစ်ဆုံဆည်စီမံကိန်​​ပြောင်ရွေ့ခံ အောင်မြင်ကျေးရွာကို မြန်မာနိုင်ငံ၏ သတ်မှတ်စံချိန်စံညွန်းနှင့် ညီညွတ်​​သော အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်အတွင်း အပြီးသတ်​​ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်း SPIC/ACHC ကုမ္ပဏီမှ သိရသည်။ 
လက်ရှိတွင်​​ SPIC/ACHC ကုမ္ပဏီအနေဖြင့် ယင်းေ​​အာင်မြင်သာကျေးရွာနေ ပြည်သူများ၏ စားနပ်ရိက္ခာ၊ရေ၊ မီးစသည်တို့ကို နှစ်စဉ်အခမဲ့ထောက်ပံ့ပေးလျက်ရှိနေပြီး ယခုကဲ့သို့ထောက်ပံပေးခြင်းအပြင် ယင်ကျေးရွာကို ဖွံ့ဖြိုးတိုးတက်သည့် အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်တွင်အပြီးဆောင်ရွက်​​ပေးမည်ဟု SPIC/ACHC ကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ မစ္စတာကျန်းဟုန်ကွေ့ကဆိုသည်
မြစ်ဆုံဆည်စီမံကိန်းကြောင့် တန်ဖဲကျေးရွာမှ အောင်မြင်သာကျေးရွာသို့ ပြောင်းရွေ့ နေထိုင်လိုက်ရသည့် အတွက် အဆိုပါကျေးရွာနေပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများစွာရှိခဲ့သော်လည်း လက်ရှိတွင် SPIC/ACHC ကုမ္ပဏီမှ ရေ၊ မီးအခမဲ့ပေးဝေထောက်ပံ့ပေးခြင်း၊ ဆန်များထောက်ပံ့ကူညီခြင်းတို့ကြောင့် ယခင်ကထက်ပင် လူနေမှုအဆင့်အတန်းမြင့်မားလာသည့် အနေအထားတွင် ရှိလာကြောင်း ယင်ဒေသခံများထံမှ သိရသည်။ 
လွမ်းအောင်
——————————————————
မြစ်ဆုံဆည်စီမံကိန်းကြောင့်ပြောင်းရွေ့ခံ အောင်မြင်သာကျေးရွာကို အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်အတွင်းအပြီးသတ် ဆောင်ရွက်မည်ဟု သိရ 
EPN
မြစ်ကြီးနား၊ မေ ၂ 
ဧရာဝတီမြစ်ညှာမြစ်ဝှမ်းရေအားလျှပ်ကုမ္ပဏီ SPIC/ACHC ကုမ္ပဏီ အနေဖြင့် မြစ်ဆုံဆည်စီမံကိန်းပြောင်းရွေ့ခံ အောင်မြင်ကျေးရွာကို မြန်မာနိုင်ငံ၏ သတ်မှတ်စံချိန်စံညွန်းနှင့် ညီညွတ်သော အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SPIC/ACHC ကုမ္ပဏီမှ သိရသည်။ 
လက်ရှိတွင် SPIC/ACHC ကုမ္ပဏီအနေဖြင့် ယင်းအောင်မြင်သာကျေးရွာနေ ပြည်သူများ၏ စားနပ်ရိက္ခာ၊ရေ၊ မီးစသည်တို့ကို နှစ်စဉ် အခမဲ့ထောက်ပံ့ပေးလျက်ရှိနေပြီး ယခုကဲ့သို့ထောက်ပံပေးခြင်းအပြင် ယင်းကျေးရွာကို ဖွံ့ဖြိုးတိုးတက်သည့် အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့်နှစ်တွင် အပြီးဆောင်ရွက်ပေးမည်ဟု SPIC/ACHC ကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ မစ္စတာကျန်းဟုန်းကွေ့ကဆိုသည်။
“ဒီအောင်မြင်သာကျေးရွာကို စံပြကျေးရွာအဖြစ် သတ်မှတ်ပေးဖို့ အစိုးရမှာအကူအညီတော့တောင်းထားပြီးပါပြီ။ အခုလိုအပ်တာကတော့ မျှော်စင်၊ အားကစားကွင်းနှင့် ပန်းခြံဘဲလိုပါတော့တယ်။ အချိန်ပေးပြီးလုပ်ရမှာမို့ နောက်နှစ်အပြီး ဆောင်ရွက်မယ်”ဟု မစ္စတာ ကျန်းဟုန်းကွေ့ကပြောသည်။ 
မြစ်ဆုံဆည်စီမံကိန်းကြောင့် တန်ဖဲကျေးရွာမှ အောင်မြင်သာကျေးရွာသို့ ပြောင်းရွေ့ နေထိုင်လိုက်ရသည့် အတွက် အဆိုပါကျေးရွာနေပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများစွာရှိခဲ့သော်လည်း လက်ရှိတွင် SPIC/ACHC ကုမ္ပဏီမှ ရေ၊ မီးအခမဲ့ပေးဝေထောက်ပံ့ပေးခြင်း၊ ဆန်များထောက်ပံ့ကူညီခြင်းတို့ကြောင့် ယခင်ကထက်ပင် လူနေမှုအဆင့်အတန်းမြင့်မားလာသည့် အနေအထားတွင် ရှိလာကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 
လက်ရှိတွင် အောင်မြင်သာကျေးရွာ၌် အိမ်ထောင်စု ၃၂၅ စု နေထိုင်လျက်ရှိကြောင်းသိရသည်။
လွမ်းအောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။