Trending Now

ဘုရားဖူးကား ဘရိတ်ပေါက် တိမ်းမှောက်မှုကြောင့် ၅ ဦးဒဏ်ရာရခဲ့မှု ညောင်ဦးမြို့နယ်တွင် ဖြစ်ပွား

Spread the love

ဘုရားဖူးကား ဘရိတ်ပေါက် တိမ်းမှောက်မှုကြောင့် ၅ ဦးဒဏ်ရာရခဲ့မှု ညောင်ဦးမြို့နယ်တွင် ဖြစ်ပွား

EPN
ညောင်ဦး၊ မတ် ၁၁ (၂၀၂၄)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တုရင်တောင် စွယ်တော်မြတ်စေတီတော်အား လာရောက်ဖူးမြှော်ပြီး ပြန်လာသည့် ဘုရားဖူးကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်ခဲ့မှု ယနေ့ (မတ် ၁၁ ရက်)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့၊ နံနက် ၁၁ နာရီကျော်ခန့်က ညောင်ဦးမြို့နယ်ရှိ တုရင်တောင် စွယ်တော်မြတ်စေတီတော်အား လာရောက်ဖူးမြှော်ပြီးပြန်ဆင်းလာသည့် ဘုရားဖူးကားတစ်စီးသည် အခင်းဖြစ်နေရာအရောက် ဘ ရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်စခန်း၊ အမှတ် ၅ အရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် Bagan Rescue အသင်းဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုရားဖူးကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား၊ အမျိုးသမီး (၁၂)ဦးအနက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး(စုစုပေါင်း ၅ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒဏ်ရာရရှိသူများအား အမှတ် ၅ အ ရန်မီးသတ်စခန်းနှင့် Bagan Rescue အသင်းတို့မှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။