ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန်လျှောက်ထားသူ တစ်သောင်းကျော်အနက် တစ်ထောင်ကျော် လာရောက်ဖြေဆိုခြင်းမရှိ
EPN
မြစ်ကြီးနား ၊ဧပြီ ၁
ကချင်ပြည်နယ် အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်ထားသူ တစ်သောင်းကျော်ရှိသည့်အနက် မတ်လ ၃၁ရက်နေ့ စတင်ဖြေဆိုချိန်၌ ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် လာရောက်ဖြေဆိုခြင်း မရှိ ကြောင်း ကချင်ပြည်နယ် ပညာရေးရုံးစာရင်းများအရ သိရသည်။
ကချင်တစ်ပြည်နယ်လုံး၌ တက္ကသိုလ်ဝင်တန်းဖြေဆိုရန်လျှောက်ထားသူ ပေါင်း (၁၂၇၈၇)ဦးရှိခဲ့ပြီး အဆိုပါထဲမှ ကျောင်းသားကျောင်းသူ (၁၃၀၄)ဦးမှာ မတ်လ ၃၁နေ့၌ စတင်ဖြေဆိုချိန်တွင် လာရောက်ဖြေဆိုခြင်းမရှိခဲ့ ကြောင်း ပြည်နယ်ပညာရေးရုံး စာရင်းများအရသိရသည်။
ထို့နောက် ဒုတိယနေ့ အဂ်လိပ်ဘာသာရပ်ဖြေဆိုချိန်တွင် ထပ်မံပျက်ကွက်သူ ၉ဦး ဖြေဆိုခြင်း မရှိခဲ့သည့်အတွက် ပျက်ကွက်သူ စုစုပေါင်း (၁၃၁၃)ဦးရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ စုစုပေါင်း (၁၁၄၇၄)ဦးဖြေဆိုခဲ့ကြောင်းသိရသည်။
မြတ်မင်း