Trending Now

ဟုမ္မလင်းမြို့တွင် ရှမ်းနီလူမျိုးများ အသတ်ခံရမှုအတွက် ဒေသခံများမှ KIA နှင့် ကူကီးတပ်ဖွဲ့များကို ဆန့်ကျင်ဆန္ဒပြ

Spread the love

ဟုမ္မလင်းမြို့တွင် ရှမ်းနီလူမျိုးများ အသတ်ခံရမှုအတွက် ဒေသခံများမှ KIA နှင့် ကူကီးတပ်ဖွဲ့များကို ဆန့်ကျင်ဆန္ဒပြ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ယနေ့ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက ရှမ်းနီတိုင်းရင်းသား လူမျိုးများအပေါ် လက်နက်ကိုင် အနိုင်ကျင့် သတ်ဖြတ်မှုများအား ရပ်တန့်စေရန် ဒေသခံ ရှမ်းနီတိုင်းရင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တိုင်းလျန် ရှမ်းနီတိုင်းရင်းသားများအပေါ် အနိုင်ကျင့်မှုများ၊ လူမျိုးတုံးသတ်ဖြတ်နေမှုများကို ရပ်တန့်နိုင်ရေးအတွက် ရည်ရွယ်ကာ ဒေသခံ ရှမ်းနီတိုင်းရင်းသားများမှ ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

” ရှမ်းနီတိုင်းရင်းသားလူမျိုးတွေက ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေကြတာဖြစ်တယ်။ အခုနောက်ပိုင်း အကြမ်းဖက်အဖွဲ့တွေကြောင့် ရှမ်းနီးတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက လုံခြုံမှုမရှိတော့ဘူး။ နောက်ပြီး လူမျိုးတုံးသတ်ဖြတ်တဲ့ပုံစံ၊ အပြစ်မဲ့တဲ့ ကလေးငယ်တွေအပြင် အမျိုးသမီးများအပေါ်အနိုင်ကျင့်တာတွေကို တမူးတို့၊ သနန်းဘက်မှာ တွေ့မြင်လာရတယ်။ ဒါ့ကြောင် အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို သီရဂူဆုတောင်းပြည့်ဘုရားတွင် စုရပ်အဖြစ်သတ်မှတ်ကာ မြို့မ ကမ်းနားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ချီတက်ကာ နံနက် (၉)နာရီမှ (၁၁) နာရီအထိ လှည့်လည်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ရှမ်းနီးတိုင်းရင်းသား လူမျိုးများအပေါ် လူမျိုတုံးသတ်ဖြတ်မှု ချက်ချင်းရပ်၊ အကြမ်းဖက်လက်နက်ကိုင် မှန်သမျှ ဆန့်ကျင်ကြ၊ ရှမ်းနီ အမျိုးသားရေးရည်မှန်းချက် အောင်ရမည် စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

ကူကီးအဖွဲ့ KNA/KNO သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တမူးမြို့နယ်၊ သနန်ကျေးရွာသား ရှမ်းနီလူမျိုး ၃၇ ဦးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက သနန်ကျေးရွာသား ရှမ်းနီလူမျိုး ၄ ဦးကိုလည်းကောင်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန့်ကျင်ဆန္ဒပြပွဲကို ဒေသခံ ရှမ်းနီတိုင်းရင်းသားများ စုစုပေါင်း ၄၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း သိရသည်။

အလားတူ KIA-PDF ပူးပေါင်းအဖွဲ့ကလည်း ဗန်းမောက်မြို့နယ်တွင် ရှမ်းနီလူမျိုး ဦးဇင်းတစ်ပါး အပါအဝင် ရှမ်းနီလူငယ်များ၊ ရှမ်းနီပါတီဝင်များ၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု အသင်းဝင်များကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။