Trending Now

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လူ့ခန္ဓာကိုယ်စမ်းသပ်မှု စတင်

Spread the love

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လူ့ခန္ဓာကိုယ်စမ်းသပ်မှု စတင် 

EPN
နိုင်ငံတကာ၊ ဇွန် ၁

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးက တိုကျိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ်တွင် စမ်းသပ်မှု စတင်လိုက်ပြီဖြစ်သည်။

လူ၏ သွေးထဲတွင် ရောဂါကာကွယ်သည့် ခုခံနိုင်စွမ်းရှိမရှိ စစ်ဆေးပေးမည်ဖြစ်ပြီး အရင်က ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရလျင်လည်း ဗိုင်းရပ်စ်ပိုး ရှိနေခြင်းကို ပြသလိမ့်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံရှိ ပြည်နယ် လေးခုရှိ ရပ်ကွက်များအတွင်းရှိ အသက်၂၀အရွယ်လူငယ်သို့မဟုတ် အရွယ်ရောက်သူ ၁၀၀၀ခန့်ကို စမ်းသပ်မှု ပြုလုပ်မည်ဖြစ်သည်။

၄င်းတို့က အဆိုပါ စစ်ဆေးမှုရလဒ်များကို ဇွန်လနှောင်းပိုင်းမှ လက်ခံရရှိမည်ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာန ဇွန်လကုန်ပိုင်းတွင် တိုကျို၊ အိုဆာကာအနောက်ဘက်ခြမ်းနှင့် အရှေ့မြောက်ဘက်မီယာယာခရိုင်ရှိလူ ၁၀၀၀၀ ကိုစမ်းသပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရစ်ကူးစက်ရောဂါ မည်မျှအထိပျံ့နှံ့သွားပြီဖြစ်ကြောင်းကို ရလဒ်များကို ခန့်မှန့်ရန် တာဝန်ရှိသူများက အသုံးပြုမည်ဖြစ်သည်။

လူ၏ ခန္ဓာကိုယ်တွင် ကိုယ်ခံစွမ်းအား ရရှိရန် ဖြစ်နိုင်ခြေရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

လူအများအပြားတွင် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်သည့် ပဋိဇီဝပစ္စည်းများကို ရရှိနိုင်မည်ဖြစ်သည်။

Ref; Coronavirus antibody tests begin in Tokyo
ကိုးကား-အန်အိတ်ချ်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။