Trending Now

မြစ်ကြီးနားတက္ကသိုလ်တွင် စာဖြေရန်ပျက်ကွက်သူမရှိ

Spread the love

မြစ်ကြီးနားတက္ကသိုလ်တွင် စာဖြေရန်ပျက်ကွက်သူမရှိ

EPN
မြစ်ကြီးနား၊ မတ် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် စာမေးပွဲလာရောက် ဖြေဆိုရန် ပျက်ကွက်သူမရှိကြောင်း မြစ်ကြီးနားတက္ကသိုလ်ဌာနမှသိရသည်။

နိုင်ငံတဝန်း၌ တက္ကသိုလ်စာမေးပွဲများကို မတ်လ(၁၈)ရက်နေ့က စတင်ဖြေဆိုစေခဲ့ပြီး ယနေ့မတ်(၂၀)ရက်နေ့အထိ မြစ်ကြီးနားတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုရန်ပျက်ကွက်သူမရှိကြောင်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ဆိုသည်။

”ပျက်ကွက်သူမရှိဘူး။ ဖြေဆိုသူစာရင်းကတော့ မတ်(၁၈)ရက်နေ့က အတိုင်းပဲ ဖြေနေတယ်” ဟု ဒေါက်တာအောင်ဝင်းကပြောသည်။

အဆင့်မြင့် ပညာရေးဝန်ကြီးဌာနက မတ်လ (၁၈)ရက်နေ့တွင်နိုင်ငံတဝန်းရှိ တက္ကသိုလ်၊ဒီဂရီ၊ ကောလိပ်အသီးသီးမှ ကျောင်းသား/သူများအနေဖြင့် COVID-19 ဂယက်ကြောင့် စာမေးပွဲမ​ဖြေဆိုလိုသူများကို မေလ သို့မဟုတ် ဇွန်လအတွင်း အစားထိုးပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး ကျောင်း သား/သူများအနေဖြင့် နာမည်စာရင်းပေးသွင်းရန်ညွန်ကြားထားသော်လည်းမြစ်ကြီးနားတက္ကသိိုလ်တွင်မှု လာရောက်စာရင်းပေးသွင်းသူမရှိကြောင်း မြစ်ကြီးနားတက္ကသိုလ်ဌာနမှ သိရသည်။

စာမေးပွဲကို မတ်(၁၈)ရက်မှ (၂၅)ရက်နေ့အထိကျင်းသွားမည်ဖြစ်ပြီး စာမေးပွဲကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ခန်းများ ထားရှိခြင်း၊ အခန်းစောင့် ဆရာမများကို လက်သန့်စင်ဆေးရည်များ အလုံအလောက် ထားပေး​​ခြင်း၊ သန့်စင်ခန်းတိုင်းတွင် လက်ဆေးဆပ်ပြာရည်များ ထားပေးခြင်း နှင့် အရေးပေါ်အ​ခြေအနေများအတွက် ပို့ဆောင်ယာဥ်များ စီစဥ်ထားကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။