Trending Now

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကိုဗစ်ဖြစ်ပွားမှု ပိုမိုဆိုးဝါးလာလို့ တစ်မြို့လုံးကို လော့ဒေါင်းချ

Spread the love

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကိုဗစ်ဖြစ်ပွားမှု ပိုမိုဆိုးဝါးလာလို့ တစ်မြို့လုံးကို လော့ဒေါင်းချ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂

တရုတ်နိုင်ငံတောင်ပိုင်းမြို့တော် ကွမ်ကျိုးမြို့တော်မှာ ကိုဗစ်ဖြစ်ပွားမှု ပိုမိုဆိုးဝါးလာလို့ ကိုဗစ်စစ်ဆေးမှုခံယူဖို့အတွက် မြို့တော်က လူပေါင်း ၁.၈ သန်းကို စနေနေ့အထိ လော့ဒေါင်းချထားဖို့ တရုတ်အဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ ရောဂါလက္ခဏာမပြသူ ၁၀,၃၅၁ ဦး အပါအဝင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် စုစုပေါင်း ၁၁,၇၇၃ ခု တွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက အဓိကမြို့ကြီးတွေမှာလည်း ကူးစက်မှုထပ်မံတိုးမြင့်လာတာကြောင့် စာသင်းကျောင်းတွေကို ပိတ်ထားခဲ့ရသလို မရှိမဖြစ်လုပ်ငန်းအများစုကလွဲပြီး ဈေးဆိုင်တွေနဲ့ ပန်းခြံတွေကို ပိတ်ထားခဲ့ပါတယ်။

ကွမ်းကျိုးခရိုင်အတွင်းက လူတွေကို စမ်းသပ်စစ်ဆေးနေစဉ် စနေနေ့အထိ အိမ်တွင်းမှာသာ နေထိုင်ဖို့ ခရိုင်အစိုးရက အမိန့်ထုတ်ခဲ့ပြီး အိမ်ထောင်စု တစ်စုကို တစ်ယောက်သာ စားနပ်ရိက္ခာဝယ်ယူဖို့ ထွက်ခွင်ပြုမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကွမ်ကျိုးမြို့တော်အတွင်းမှာရှိတဲ့ မြေအောက်ရထား၊ ဘတ်စ်ကားလိုင်း ဝန်ဆောင်မှုတွေကို ပိတ်ထားပြီး ကွမ်းကျိုးမြို့ကနေ အခြားမြို့ကြီးတွေကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကိုလည်း ပိတ်သိမ်းထားပါတယ်။

— ကိုးကား —
AP
ref; China tightens restrictions as rise in virus cases reported

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။