Trending Now

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ရွှေတံဆိပ် ၁၂ ခုအပါအဝင် ဆုတံဆိပ် ၃၂ ခုဆွတ်ခူးနိုင်ခဲ့

Spread the love

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ရွှေတံဆိပ် ၁၂ ခုအပါအဝင် ဆုတံဆိပ် ၃၂ ခုဆွတ်ခူးနိုင်ခဲ့

EPN
နေပြည်တော် ၊နိုဝင်ဘာ ၁၄

ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှ ရွှေတံ ဆိပ် ၁၂ ခု၊ငွေတံဆိပ် ၁၂ ခု၊ကြေးတံဆိပ် ၈ ခု (စုစုပေါင်း ဆုတံဆိပ် ၃၂ ခု)ဆွတ်ခူးရရှိခဲ့သည်။

ထို့ပြင် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင်လည်း စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့ကာ ပစ္စတိုအမျိုး သားအသင်း၊ပစ္စတိုအမျိုးသမီးအသင်း၊ကာဘိုင်အမျိုးသားအသင်း၊ရိုင်ဖယ်အမျိုးသားအသင်းနှင့်စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ ထိလဲပြားပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု တို့ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် ဗီယက်နမ်နိုင်ငံမှ ပထမ၊ အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယ၊ ဖီလစ်ပိုင်နိုင်ငံမှ တတိယ အသီးသီးရရှိခဲ့ပြီး လာအိုနိုင်ငံတပ်မ တော်သေနတ်ပစ်အသင်းသည် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းနည်းတူ ဆုတံဆိပ်ရရှိခဲ့သော် လည်း ရိုင်ဖယ်ပစ်ခတ်စဉ်ပြိုင်ပွဲအမှတ်ပေးပွဲစဉ် (၁)တွင် မြန်မာအသင်းမှရမှတ်ပေါင်း ၃၃၅ ဒသမ ၁၄ မှတ်ရရှိခဲ့ပြီး လာအိုအသင်းမှာရမှတ်ပေါင်း ၂၂၀ ဒသမ ၀၅ မှတ်သာရရှိခဲ့၍ နိုင်ငံအလိုက်အ ဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံမှစတုတ္ထရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းတွင် အ သင်းခေါင်း ဆောင်အဖြစ် ဒု-ဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦး ဆောင်၍ အုပ်ချုပ်သူ၊နည်းပြများနှင့်သေနတ်ပစ်အားကစားသမား(စုစုပေါင်း ၄၂ ဦး) တို့ ပါဝင်ခဲ့သည်။

မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် နိုဝင်လဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်လေ ဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။