Trending Now

ထိုင်းဘုရင်နှင့် ထိုင်းဘုရင်မ မွေးနေ့အဖြစ် အကျဉ်းသား တစ်သိန်းကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြု

Spread the love

ထိုင်းဘုရင်နှင့် ထိုင်းဘုရင်မ မွေးနေ့အဖြစ် အကျဉ်းသား တစ်သိန်းကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြု

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၃

ဇူလိုင်လ ၂၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် ဘုရင်မင်းမြတ်၏ နှစ် ၇၀ မြောက် မွေးနေ့နှင့် ယမန်နေ့က ကျရောက်ခဲ့သည့် ဘုရင်မကြီး Sirikit ၏ နှစ် ၉၀ ပြည့် မွေးနေ့တို့နှင့် ဆက်စပ်၍ တော်ဝင်အမိန့် အရ အကျဉ်းသား တစ်သိန်းကျော်ကို ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း ဘန်းကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် အရည်အခြင်းပြည့်မီသည့် အကျဉ်းသား စုစုပေါင်း ၁၀၃,၆၁၃ ဦး ရှိပြီး ယင်းအနက် စုစုပေါင်း ၈၀,၇၉၁ ဦးအား ၎င်းတို့၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးမည်ဖြစ်ပြီး ကျန်သူများကို အကျဉ်းထောင်မှ လွတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခံရသူများအတွက် စံနှုန်းများနှင့် အခြေအနေများကို ပြဋ္ဌာန်းထားသည်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အကျဉ်းသားများသည် ပြစ်ဒဏ်၏ သုံးပုံတစ်ပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နစ်ကျခံပြီးရမည်ဖြစ်သည်။ ယင်းအပြင် အကျဉ်းထောင်အတွင်း ကောင်းမွန်စွာနေထိုင်ခဲ့သူများဖြစ်ရန်လိုအပ်သည်။

ယခင်က သေဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်အဖြစ် ကျခံနေရသူများသည် ယခုတော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် အရည်အချင်းမပြည့်မီကြောင်း သိရသည်။

Source – Bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။