Trending Now

ချီဖွေမြို့နယ်၌ လူငယ်လူရွယ်များ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

Spread the love

ချီဖွေမြို့နယ်၌ လူငယ်လူရွယ်များ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

EPN
ချီဖွေ ဧပြီ ၆

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ (၁၂) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကို ဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားစေလိုကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ မိမိရည်မှန်းထားသော ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို ကြိုးစာသင်ယူပြီး ပြင်ပ ဗဟုသုတများကို လေ့လာစေချင်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ပွဲရွှင်ပွဲအဖြစ် ပူစီပေါင်း‌ဖောက်ခြင်းနှင့် သံပုံးရိုက်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မနောဧကရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။