Trending Now

ပြည်မြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦး ၅ လွှာမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး

Spread the love

ပြည်မြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦး ၅ လွှာမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး

EPN
ပြည်၊ စက်တင်ဘာ ၂၄ (၂၀၂၃)

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဆောက်လုပ်ဆဲအဆောင်အဦးပေါ် ၅ လွှာမှ အလုပ်သမား အမျိုးသားတစ်ဦး ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုတ်ကျပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ပြုတ်ကျသေဆုံးသည့် အမျိုးသားသည် အသက် ၅၀အရွယ် ပြည်မြို့တွင်နေထိုင်သူဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၄ရက်၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ ဦးဝင်းမြဆန်စက်လမ်း၊သံလွင် ဆေးရုံနောက်ရှိ ဆောက် လက်စအဆောင်အဦးပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

”ဆောက်လက်စ အဆောက်ဦးပေါ်ကနေပြုတ်ကျတာ။ ပြုတ်ကျ သေဆုံးသူက အသက် ၅၀ ဝန်ကျင်လောက်ရှိတယ်။ သူက သံတိုင်တွေလုပ်ထားတဲ့ အိမ်ခြံစည်းရိုးပေါ်ကို ပြုတ်ကျတာ။ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာနဲ့ သေဆုံးခဲ့တာ။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ အဆောက်အဦးပေါ်မှ ပြုတ်ကျသေဆုံးသူ အမျိုးသားအား ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းမှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည် ပြည်မြို့ ရွှေဆံတော် ဘုရားအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းဆောက်လုပ်ရေး အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

အလင်း
ဓါတ်ပုံ – ခေတ္တရာလူငယ်များ လူမှုကူညီရေးအသင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။