Trending Now

မံစီၿမိဳ႕တြင္ ကညင္သစ္လုံးမ်ား ပိုင္ရွင္မဲ့ဖမ္းဆီးရမိ

Spread the love

မံစီၿမိဳ႕တြင္ ကညင္သစ္လုံးမ်ား ပိုင္ရွင္မဲ့ဖမ္းဆီးရမိ

EPN
ဗန္းေမာ္၊ စက္တင္ဘာလ ၁၉

ဗန္းေမာ္ခ႐ိုင္ မံစီၿမိဳ႕တြင္ ယမန္ေန႔၊ ညေနပိုင္းအခ်ိန္က ကညင္သစ္လုံး (၁၀၂)လုံးကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ေၾကာင္း မံစီၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ သိရသည္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္ မံစီၿမိဳ႕တြင္ စက္တင္ဘာလ (၁၈)ရက္ ညေန(၃)နာရီအခ်ိန္ခန႔္က မံစီၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိေဇာ္မိုးဦး ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ား၊ စီေကာ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားသည္ စီေကာ္ေက်း႐ြာ အေရွ႕ေျမာက္ဘက္ (၅)မိုင္ခန႔္အကြာ နမ့္မဲႀကိဳးဝိုင္း အကြက္ အမွတ္(၆၀)ေလွ်ာ္ပင္ငုတ္တို ေနရာမွ တရားမဝင္ ကညင္သစ္လုံး (၁၀၂)လုံး (၄၈.၇၈၈)တန္အား ပိုင္ရွင္မဲ့ဖမ္းဆီးရမိခဲ့ၿပီး သစ္စက္တည္ေထာင္ထားျခင္း ရွိ၊ မရွိလိုက္လံရွာေဖြ စစ္ေဆးရာ သစ္စက္တည္ထားျခင္း မရွိေၾကာင္း ေတြ႕ရွိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မံစီၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ တရားခံအား ဆက္လက္စုံစမ္းေဖာ္ထုတ္၍ ထိေရာက္စြာ အေရးယူ ေဆာင္သြားမည္ျဖစ္ၿပီး ဖမ္းဆီးရမိေသာ တရားမဝင္ကညင္သစ္လုံးမ်ားကို စုပုံလ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံရာျဖစ္ေသာ စီေကာ္ေက်း႐ြာသို႔ သယ္ေဆာင္ရန္အတြက္လမ္းမ်ားမွာ ႐ႊံ႕ဗြက္မ်ားထူထပ္ၿပီး ကားဝင္၍ မရေသးသျဖင့္ မိုးရာသီကုန္ဆုံးၿပီး ႏိုဝင္ဘာကုန္ပိုင္းမွ ဆက္လက္သယ္ယူသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း- ခ်ိဳေမာင္
ဓါတ္ပုံ – ဗန္းေမာ္ပြင့္သစ္
—————————————————————————-

မံစီမြို့တွင် ကညင်သစ်လုံးများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ စက်တင်ဘာလ ၁၉

ဗန်းမော်ခရိုင် မံစီမြို့တွင် ယမန်နေ့၊ ညနေပိုင်းအချိန်က ကညင်သစ်လုံး (၁၀၂)လုံးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း မံစီမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့တွင် စက်တင်ဘာလ (၁၈)ရက် ညနေ(၃)နာရီအချိန်ခန့်က မံစီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဇော်မိုးဦး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စီကော်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် စီကော်ကျေးရွာ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာ နမ့်မဲကြိုးဝိုင်း အကွက် အမှတ်(၆၀)လျှော်ပင်ငုတ်တို နေရာမှ တရားမဝင် ကညင်သစ်လုံး (၁၀၂)လုံး (၄၈.၇၈၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး သစ်စက်တည်ထောင်ထားခြင်း ရှိ၊ မရှိလိုက်လံရှာဖွေ စစ်ဆေးရာ သစ်စက်တည်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မံစီမြို့နယ်သစ်တောဦးစီးဌာနမှ တရားခံအား ဆက်လက်စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူ ဆောင်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသော တရားမဝင်ကညင်သစ်လုံးများကို စုပုံလျက်ရှိကြောင်းနှင့် လုံခြုံရာဖြစ်သော စီကော်ကျေးရွာသို့ သယ်ဆောင်ရန်အတွက်လမ်းများမှာ ရွှံ့ဗွက်များထူထပ်ပြီး ကားဝင်၍ မရသေးသဖြင့် မိုးရာသီကုန်ဆုံးပြီး နိုဝင်ဘာကုန်ပိုင်းမှ ဆက်လက်သယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း- ချိုမောင်
ဓါတ်ပုံ – ဗန်းမော်ပွင့်သစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။