Trending Now

AA အဖွဲ့နှင့် ဆက်သွယ်၍ သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ်ကို ညအချိန်၌ ဖမ်းဆီး၊ ယနေ့ နံနက် တရားရုံး၌ ချုပ်ရက် ရမာန်ယူ

Spread the love

AA အဖွဲ့နှင့် ဆက်သွယ်၍ သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ်ကို ညအချိန်၌ ဖမ်းဆီး၊ ယနေ့ နံနက် တရားရုံး၌ ချုပ်ရက် ရမာန်ယူ

EPN
မန္တလေး၊ မတ် ၃၁

AA အဖွဲ့နှင့် ဆက်သွယ်၍ သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ်ကို မတ်(၃၀)ရက် ညအချိန်၌ ဖမ်းဆီးခဲ့ပြီး ယနေ့ နံနက်၌ ချမ်းမြသာစည် တရားရုံး၌ ချုပ်ရက် ရမာန်ယူယူခဲ့ပါတယ်။
တရားရုံးက ချုပ်ရက်အဖြစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိ ချုပ်ပ်ရမာန်ပေးထားပါတယ်။

မတ်လ (၂၇) ရက်၌ VOM သတင်းဌာနသည် AA အဖွဲ့နှင့် ဆက်သွယ်၍ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ရပ် တန့်သွားပြီ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ထိုသို့ဖော်ပြပြီးနောက် VOM သတင်းဌာန အယ်ဒီတာချုပ် မတ်(၃၀)ရက်၌ ည (၁၀) နာရီခန့်၌ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲပြီး အမှတ် ၁၀ ရဲစခန်းတွင် သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်၀င်း က တရားလိုပြုလုပ်၍ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါ တယ်။

 
“ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဦးနေလင်းခေါ် နေမျိုးလင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နဲ့၅၂(က)အရ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ မြို့မရဲစခန်းကနေပြီးတော့ ချုပ်မိန့်တောင်းခံတဲ့ အတွက် ချုပ်မိန့်ပေးထားတယ်”ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းကပြောပါတယ်။

အလားတူ မတ်လ ၃၁ ရက်နေ့တွင် VOM သတင်းဌာနရုံးခန်းကိုရဲတပ်ဖွဲ့မှ ၀င်ရောက်စစ်ဆေးခဲ့ပြီး လက်တော့ အပါအ၀င် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းသွားခဲ့ပါတယ်။ ကိုနေမျိုးလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က “အခု ဖွင့်ထားတဲ့ပုဒ်မတွေက သတင်းသမားနဲ့ ဘာမှမပတ်သက်ဘူး။ ဒါဟာ မဖြစ်သင့်ဘူး”လို့ ပြောပါတယ်။

AA အဖွဲ့ကို ပြည်ထောင်စုအစိုးမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)သည်အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ် သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီ ၅၂(က)ကတော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။

အောင်အောင်(မန်း)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။