Trending Now

သြစတြေးလျ အမျိုးသမီးရဲ့ ဦးနှောက်အတွင်းမှာ အသက်ရှင်သန်နေတဲ့ ကပ်ပါးသန်ကောင်တစ်ကောင်တွေ့ရှိ

Spread the love

သြစတြေးလျ အမျိုးသမီးရဲ့ ဦးနှောက်အတွင်းမှာ အသက်ရှင်သန်နေတဲ့ ကပ်ပါးသန်ကောင်တစ်ကောင်တွေ့ရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

အသက် ၆၄ နှစ်အရွယ် သြစတြေးလျ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်အတွင်းမှာ အသက်ရှင်နေတဲ့ ကပ်ပါးသန်ကောင်တစ်ကောင်ကို တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့ပထမဆုံး ကူးစက်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

သြစတြေးလျအမျိုးသားတက္ကသိုလ် (ANU) နဲ့ Canberra ဆေးရုံက ဆရာဝန်တွေနဲ့ သုတေသီတွေက အမျိုးသမီးဦးနှောက်အတွင်းကနေ ၈ စင်တီမီတာရှိတဲ့ သန်ကောင်တစ်ကောင်ကို ခွဲစိတ်ထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

လူနာထံကနေ ဆွဲထုတ်ပြီးတဲအချိန်အထိ သန်ကောင်က တွန့်လိမ်နေခဲ့တဲ့အတွက် သန်ကောင်ရဲ့ သားလောင်းတွေဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆုတ်၊ အသည်းနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ကူးစက်နေမလားဆိုတာ ဆရာဝန်တွေက သံသယရှိနေပါတယ်။

“များသောအားဖြင့် ဒီလိုသန်ကောင်တွေကို နို့တိုက်သတ္တဝါ အကောင်ငယ်တွေနဲ့ အထူးသဖြင့်စပါးအုံးမြွေတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ လူမှာ ကူးစက်ခံရတာကတော့ ကမ္ဘာ့ပထမဆုံအကြိမ်ပါပဲ။” လို့ ဆရာဝန်တွေက ပြောပါတယ်။

ဆရာဝန်တွေရဲ့ သုံးသပ်ချက်အရ လူနာဟာ စပါးအုံးမြွေကို စားသုံးမိခဲ့လို့ ကူးစက်ခံခဲ့ရတာလား။ ဒါမှမဟုတ် မြွေတွေကို ထိတွေ့မိရာကနေ ကူးစက်ခံခဲ့ရသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

လေ့လာမှုအရ လူနာဟာ ၂၀၂၁ ခုနှစ်က ဝမ်းဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို သုံးပတ်အကြာခံစားခဲ့ရပြီး သြစတြေးလျအရှေ့တောင်ပိုင်း New South Wales (NSW) က ဒေသခံဆေးရုံတစ်ရုံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ သူမဟာ မေ့လျော့ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို စတင်ခံစားလာရတဲ့အတွက် Canberra ဆေးရုံမှာ အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်က ခွဲစိတ်မှုပြုလုပ်ဖို့ အကြံပြုခဲ့တာလို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ တရိစ္ဆာန်တွေကနေ လူကိုရောဂါကူးစက်မှု အန္တရာယ်တိုးပွားလာမှုကို အလေးပေးဖော်ပြနေတာဖြစ်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ကမ္ဘာ့ပေါ်မှာ ကူးစက်မှုအသစ် ၃၀ နီးပါးဖြစ်ပွားခဲ့ပါတယ်။ ပေါ်ပေါက်လာတဲ့ ကူးစက်ရောဂါတွေထဲက ၇၅ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်လို တိရစ္ဆာတွေကနေ လူကို ကူးစက်တဲ့ ရောဂါတွေဖြစ်ပါတယ်။” လို့ လေ့လာသူတွေကပြောပါတယ်။

အခုဒီလက်ရှိဒီရောဂါဟာ SARS၊ COVID-19၊ အီဘိုလာရောဂါတွေလို လူအများကြားမှာ ကူးစက်တဲ့ ကပ်ရောဂါတစ်ခုဖြစ်မလာနိုင်ပေမယ့် မြွေနဲ့ ကပ်ပါးကောင်တွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့ရှိနိုင်တဲ့အတွက် တစ်ခြားနိုင်ငံတွေမှာလည်း လာမယ့်နှစ်အတွေအတွင်း အလားတူဖြစ်စဉ်တွေ ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။