Trending Now

Yak-130 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်း ကို မြန်မာနိုင်ငံကို ရုရှားလွဲပြောင်းပေးခဲ့

Spread the love

Yak-130 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်း ကို မြန်မာနိုင်ငံကို ရုရှားလွဲပြောင်းပေးခဲ့

EPN 
နိုင်ငံတကာ၊ မတ် ၂၆ 

ရုရှားဟာ Yak-130 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်း ကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှား လေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UAC) ဒုတိယဥက္ကဌကပြောပါတယ်။ 

စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် Yak-130 အမျိုးအစားတိုက်လေယာဉ် လွဲပြောင်းရေးစာချုပ် အတိုင်း လုပ်ဆောင်နေတယ်လို့ (UAC) အဖွဲ့ ဒုတိယဥက္ကဌ တာယာဆန်ကိုကပြောပါတယ်။ 

ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာချုပ်ဆိုထားတဲ့ စာချုပ် အရ မြန်မာနိုင်ငံဆီ Yak-130 အမျိုးအစား တိုက်လေယာဉ် ၁၀ စင်း လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း Sputnik သတင်းကဆိုပါတယ်။ 

လာအိုနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှာ အသုံးပြုနေတဲ့ တိုက်လေယာဉ် Yak-130 အမျိုးစားတိုက်လေယာဉ် ရောင်းချဖို့ ၂၀၁၆ ခုနှစ်က လက်မှတ်ရေးထိုးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မလေးရှားနိုင်ငံ လန်ကာဝီဒေသမှာ နိုင်ငံတကာ ရေကြောင်းပြပွဲနဲ့ လေကြောင်းပြပွဲကို မတ်လ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ တာယာဆန်ကိုကဆိုပါတယ်။
——————————————–


EPN 


 




Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။