Trending Now

ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူဖို့ အခွင့်အရေးပေးခဲ့တဲ့ ပေလိုစီကို ကျေးဇူးတင်တယ်လို့ တရုတ်ပြော

Spread the love

ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူဖို့ အခွင့်အရေးပေးခဲ့တဲ့ ပေလိုစီကို ကျေးဇူးတင်တယ်လို့ တရုတ်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့တာဟာ တရုတ်က ထိုင်ဝမ်ကို အင်အားသုံးသိမ်းဖို့ အခွင့်အရေးပေးခဲ့တဲ့ အတွက် ပေလိုစီကို ကျေးဇူးတင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်က ပြောဆိုလိုက်ပါတယ်။

“ပေလိုစီရဲ့ ခရီးစဉ်ဟာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ထိုင်ဝမ်ကို ဝိုင်းရံဖို့ အခွင့်အရေး ပေးတယ်၊ ပြီးတော့ ထိုင်ဝမ်ကို အင်အားသုံး သိမ်းဖို့ ဒီအခွင့်အရေးကို ပေးတယ်။ ဒါ့ကြောင့် ပေလိုစီကို ကျေးဇူးတင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ကျောက်လိကျန်က ပြောပါတယ်။

တရုတ်ပိုင်နက်လို့ သတ်မှတ်ခံထားရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကို ပေလိုစီ သွားရောက်လည်ပတ်တဲ့ နေ့မှာပဲ တရုတ်စစ်တပ်က ထိုင်ဝမ်နယ်စပ်အနီးက နယ်မြေခြောက်ခုမှာ မကြုံစဖူး ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပေလိုစီ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာသွားပြီးနောက် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းမှာ တရုတ်စစ်တပ်ကလို့ ယူဆရတဲ့ ဒရုန်းတွေဟာ ထိုင်ဝမ်ကျွန်တွေပေါ်ကို နှစ်ကြိမ်တိတိ ပျံတက်လာခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်အနီးက နယ်မြေခြောက်ခုမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့အပြင် ကုလသမဂ္ဂ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ထိုင်ဝမ်ရဲ့ နယ်မြေပိုက်နက်ကို ကျူးကျော်ဝင်ရောက်နေတာဟာ လွတ်လပ်စွာ သွားလာခွင့်အတွက် တိုက်ရိုက်စိန်ခေါ်နေတာဖြစ်ကြောင်း ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်ဝမ်နဲ့ ဘေဂျင်းရဲ့ ပြဿနာဟာ ပြည်တွင်းရေးကိစ္စဖြစ်တဲ့အတွက် အင်းအားသုံးပြန်လည်သိမ်းယူရေးဟာ တရားဥပဒေနဲ့ ညီတယ်လို့ တရုတ်နိုင်ငံဘက်က သတ်မှတ်ထားပါတယ်။

“ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသူတွေ နဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထုတ်ဖို့ ကြံစီနေတဲ့ ပြင်ပအဖွဲ့အစည်းတွေအတွက် ပြစ်ဒဏ်ဟာ ကျိုးကြောင်း ဆီလျော်ပြီး တရားဥပဒေ နဲ့ ညီပါတယ်” လို့ တရုတ်နိုင်ငံ ပေကျင်းအခြေစိုက် ထိုင်ဝမ်ရေးရာရုံးက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို အကြောင်းပြပြီး ထိုင်ဝမ်ကို စစ်ရေးအရ သိမ်းယူခြင်းမပြုလုပ်ဖို့ တရုတ်နိုင်ငံကို ပြောဆိုထားပါတယ်။

၂၅ နှစ်အတွင်း ထိုင်ဝမ်ကို လာရောက်ခဲ့တဲ့ အမေရိကန်အဆင့်အမြင့်ဆုံးအရာရှိ နန်စီပေလိုစီက “ထိုင်ဝမ်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းသိဖို့ ကျွန်မတို့ ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို လာခဲ့တာပါ အခု ထိုင်ဝမ်နဲ့ အမေရိကန်ရဲ့ စည်းလုံးညီညွတ်မှုဟာ အရင်ကထက် ပိုအရေးကြီးတယ် အဲဒါက ဒီနေ့ ကျွန်တော်တို့ ဒီကို ပို့လာတဲ့ သတင်းစကားပါပဲ။” လို့ ပြောပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။