Trending Now

တိန်းသော်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းတွင် ဒေသခံပြည်သူများ လုပ်အားပေး ပါဝင်ဆောင်ရွက်

Spread the love

တိန်းသော်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းတွင် ဒေသခံပြည်သူများ လုပ်အားပေး ပါဝင်ဆောင်ရွက်

EPN
ဗန်းမော်၊ မေလ ၂၃

ကချင်ပြည်နယ် ဗန်းမော် မြို့နယ်တိန်းသော် ကျေးရွာတွင်၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံ ငွေ ကျပ်သိန်း ၁၀၀၀မှ ခွင့်ပြုရန်ပုံငွေကျပ်၂၄၁၅၀၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် လျှက်ရှိရာ ဒေသခံပြည်သူများမှလည်း လုပ်အားပေး ပါဝင်ဆောင်ရွက် သိရသည်။

အဆိုပါ ကွန်ကရစ် လမ်းကို မေ ၂၁ ရက် နေ့မှ စတင်၍ ကျေးရွာပြည်သူ့ လုပ်အားဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အထက(ခွဲ) တိန်းသော်ကျောင်းရှေ့မှ အုပ်ချုပ်ရေးမူးရုံးရှေ့ လမ်းအထိ ကွန်ကရစ်လမ်း အရှည် ပေ ၂၀၀၊ အကျယ် ၁၂ ပေ ၊အမြင့် ၈ လက်မ ဖြစ်ကြောင်း သိရသည်။

“ကွန်ကရစ်ခင်းတဲ့ လုပ်ငန်းကို ပုဂ္ဂလိက အလုပ်ရှင်ကို ကန်ထရိုက်မပေးဘဲ ​ေကျးရွာ ပြည်သူများ၏ လုပ်အားနဲ့ ပြုလုပ်နေပါတယ်၊ လုပ်အားခစရိတ် အကုန်အကျ သက်သာ အောင်လို့ပါ၊ ရတဲ့ ငွေနဲ့ ကွန်ကရစ်လမ်း ပိုပြီးခင်းနိုင်အောင်လို့ေ ကျးရွာ ပြည်သူ့လုပ်အားနဲ ဆောင်ရွက်နေတာပါ “ဟု ယင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ဦးကိုဦး က ပြောပြသည်။

လမ်းခင်းနေသူ လုပ်အားပေးပြည်သူများကို စေတနာရှင် ပြည်သူများက အစားအသောက် များ လှူဒါန်းခဲ့ကြသည်။

“မေ ၂၁ ရက် နေ့တွင် Grand ရဲထွဋ် ကုမ္ပဏီအလုပ်ဆိုက်မှ အလုပ်သမားမိသားစုက ဖျော်ရေဗူးများ၊ မေ ၂၂ ရက် နေ့တွင် ဦးသဲမောင်+ဒေါမြတ်ပန်းဝါ မိသားစုမှ ရေခဲချောင်းနှင့်မုန့်များ၊ မေ ၂၃ ရက်နေ့ ယနေ့တွင် ဦးသောင်းဌေး +ဒေါ်မတင့် ကုန်စုံဆိုင်မှ အချိုရေဗူးနင့် မုန့်များ အလှူဒါနပြုခဲ့ကြသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။