Trending Now

ဒေသသုံး သစ်ခွဲသားသယ်ယူလာတဲ့ကားကို အကြမ်းဖက်သမားတွေက မီးရှို့ပြီး ကားမောင်းသူကို သတ်ပစ်

Spread the love

ဒေသသုံး သစ်ခွဲသားသယ်ယူလာတဲ့ကားကို အကြမ်းဖက်သမားတွေက မီးရှို့ပြီး ကားမောင်းသူကို သတ်ပစ်
EPN
ခင်ဦး၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ လက်ပံကုန်းကျေးရွာနဲ့ တမုတ်ကျေးရွာအကြား ရွှေဘို မြစ်ကြီးနားကားလမ်း မှာ ဒေသသုံး သစ်ခွဲသားတွေ သယ်ယူလာတဲ့ ကားတစ်စီးကို အကြမ်းဖက်သမားတွေက မီးရှို့ပြီး ကားမောင်းသူကို သတ်ဖြတ်ခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်တပ်ဖွဲထံက သိရပါတယ်။
“သစ်အမျိုးအစားက ဒေသသုံးလို့ခေါ်တယ်၊ အိမ်သုံးဖို့သယ်လာတဲ့ သစ်တွေပါ၊ စီးပွားဖြစ် မှောင်ခိုသစ် မဟုတ်ဘူး၊ မနေ့က နေ့ခင်းပိုင်းမှာ ဖြစ်တာ၊ မီးငြိမ်းသတ်ဖို့ သွားရောက်ခဲ့တယ်၊ ကားသမားတော့ လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ ” လို့ မီးသတ်တစ်ဦးက ပြောပါတယ်။
နေအိမ်ဆောက်ဖို့ သစ်ခွဲသားတွေ သယ်ယူလာတဲ့ ကားသမားဟာ ဦးဖိုးဇော် ဆိုသူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို အကြမ်းဖက်သမားတွေက မီးရှို့ထားခဲ့တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။