Trending Now

မော်လူးမြို့၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်း

Spread the love

မော်လူးမြို့၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်း

EPN
မော်လူး၊ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မော်လူးမြို့နယ်ရှိဒေသအသီးသီးမှ စေတနာအလှူရှင်များ၏ကိုယ်စား မော်လူး နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်ဦးမောင်၊ ဦးချိတ်နှင့် ဦးအောင်စိုးမြင့်တို့က ပေးအပ်ရာ မော်လူးတိုက်နယ်ဆေးရုံအုပ်ကြီး Dr.ဝတ်မှုံထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။

Covid-19 အတွက် အလှူရှင်များက ပထမအကြိမ်လှူဒါန်းခဲ့ကြသည့် ပစ္စည်းများမှာ PPE ဝတ်စုံ ၂၀ စုံ အလှူငွေ ၂သိန်းဖြစ်ပြီး ယနေ့ မတ် ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မော်လူးတိုက်နယ် ပြည်သူ့ဆေးရုံမှာ လှူဒါန်းကြသည့် အလှူရှင်များမှာ မော်လူးမြို့၊ ပဲခူးရွာနေ ဦးအောင်မျိုးခိုင် + ဒေါ်စန္ဒာမြင့် မိသားစုမှ ဒီဂျစ်တယ်သာမိုမီတာ အပူချိန်တိုင်းကိရိယာ(၁၀)ခု နှင့် PPE ဝတ်စုံ (၈)စုံ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀)သိန်း၊ မော်လူးမြို့၊ အကယ်ဒမီရွှေဆိုင်မှ ဒီဂျစ်တယ်သာမိုမီတာ အပူချိန်တိုင်းကိရိယာ (၁)ခု၊ မော်လူးနယ်မြေရဲစခန်းမှ ဒီဂျစ်တယ်သာမိုမီတာ အပူချိန်တိုင်းကိရိယာ (၁)ခု၊ မော်လူးမြို့ စိုးမျိုးညီရွှေဆိုင် မိသားစုမှ ဒီဂျစ်တယ်သာမိုမီတာ အပူချိန်တိုင်းကိရိယာ (၁)ခု၊ မော်လူးမြို့ ကိုဝင်းမြင့်ဦးနှင့်ကိုချိတ် မိသားစုတို့မှ PPE ဝတ် (၂)စုံ၊ မော်လူးမြို့ ကိုကြည်ချမ်း+မသဲစုနှင်း မိသားစုမှ PPE ဝတ်စုံ (၂)စုံ၊ မော်လူးမြို့ မေတ္တာရှင်ကဖေး မိသားစုမှ PPE ဝတ်စုံ (၁)စုံ၊ မော်လူးမြို့ ဦးတင်ဦး+ဒေါ်ရီကြည်မိသားစုမှ PPE ဝတ်စုံ(၁)စုံ၊ မော်လူးမြို့ ကိုစိုးငြိမ်းဦး+မချောစု မိသားစုမှPPE ဝတ်စုံ (၁)စုံ ၊အင်းတော်မြို့ ကိုအောင်သူရ မိသားစုမှ PPE ဝတ်စုံ (၁)စုံ၊ မော်လူးမြို့ မြို့လျှပ်စစ်မှူး ဦးဇော်ပြည့်ဖြိုး + ဒေါ်ဇင်မာနွယ် မိသားစု မှ PPE ဝတ်စုံ (၂)စုံ၊ မော်လူးမြို့ ကိုညီညီ+မနွယ်နွယ်ဝင်း ထွန်စက်ရောင်းဝယ်ရေး မိသားစုမှ PPEဝတ်စုံ (၁)စုံ၊ ဒီဂျစ်တယ်သာမိုမီတာ အပူချိန်တိုင်းကိရိယာ (၁)ခု ငွေကျပ် (၈၀၀၀၀) PPEဝတ်စုံ (၁)စုံ ငွေကျပ် (၂၇၀၀၀) တို့ကို လှူဒါန်းခဲ့ကြသည်။

ဆက်သွယ်လှူဒါန်း လိုပါက မော်လူးမြို့၊ ကိုအောင်စိုးမြင့်(သံဂဟေ) 09257072373 ၊ ကိုချိတ် 09428203222 ၊ မော်လူးမြို့ တိုက်နယ်ဆရာဝန် Dr.ဝတ်မှုန်ထွန်း 09256163578 ထံသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။