Trending Now

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီအပါအဝင် သေဒဏ်ချမှတ်ခံရသူလေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း နစက ထုတ်ပြန်

Spread the love

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီအပါအဝင် သေဒဏ်ချမှတ်ခံရသူလေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း နစက ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ ဇူလိုင် ၂၅

သေဒဏ်ချမှတ်ခံထားရသည့် ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီအပါအဝင် လေးဦးအား ပြစ်ဒဏ်စီရင်‌ဆောင်ရွက်ပြီးစီးကြောင်း ယနေ့ဇူလိုင်၂၅ ရက် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာ သော်(ခ)မောင်ကျော်(ခ)ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊ လှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရဇော်(ခ) ကတုံး(ခ) သူရ တို့သည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ် များဖြစ်သော အကြမ်းဖက် သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက် ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ အများ အပြား သေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာစစ်ခုံရုံး အသီးသီးက ကျူးလွန်သည့် ပြစ်မှုအလိုက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ များဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှား သဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများ အတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ် ကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်”ဟူ၍ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက် သောကြာနေ့တွင် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့ကို အကျဥ်း‌ထောင်၌ မိသားစုဝင်များနှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခွင့်ပေးခဲ့ပြီး လေးရက်အကြာတွင် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဦးဂျင်မီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ရပြီး ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။