Trending Now

လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်ကာ စပိန်နိုင်ငံတွင် ပါတီပွဲတက်ခဲ့သည့် ဘယ်လ်ဂျီယမ်မင်းသား ယူရို ၁၀၀၀၀ ကျော် ဒဏ်ရိုက်ခံရ

Spread the love

လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်ကာ စပိန်နိုင်ငံတွင် ပါတီပွဲတက်ခဲ့သည့် ဘယ်လ်ဂျီယမ်မင်းသား ယူရို ၁၀၀၀၀ ကျော် ဒဏ်ရိုက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

ပြီးခဲ့သည့်လက ကော်ဒိုဘားမြို့၌ကျင်းပသည့် ပါတီပွဲတစ်ခုသို့ အသွားအလာကန့်သတ်မှု စည်းမျဉ်းများ ချိုးဖောက်ကာ တက်ရောက်ခဲ့သည့် ဘယ်လ်ဂျီယမ်မင်းသား ဂျိအာချင်ကို စပိန်နိုင်ငံက ယူရို ၁၀၄၀၀ ဒဏ်ရိုက် လိုက်ကြောင်း သိရသည်။

လူ ၂၇ ဦးနှင့်အတူ အဆိုပါပါတီပွဲ တက်ရောက်ပြီးနောက် မင်းသား ဂျိုအာချင်မှာ ဘယ်လ်ဂျီယမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်။

မင်းသား ဂျိုအာချင်က အခြားအကြောင်းများကြောင့် စပိန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု တော် ဝင်နန်းတော်ကို ကိုးကား၍ ဘယ်လ်ဂျီယမ်မီဒီယာများက ဖော်ပြခဲ့သည်။

ဘယ်လ်ဂျီယမ်အစိုးရက ပြည်သူများ အပြင်ထွက်ခွင့် ပိတ်ပင်ထားသလို စပိန်အစိုးရကလည်း နိုင်ငံခြား သားများ ဝင်ရောက်ခွင့်ပိတ်ပင်ထားရာ မင်းသား ဂျိုအာချင်ကို စပိန်နိုင်ငံသို့သွားရောက်ရန် မည်ကဲ့သို့ ခွင့်ပြုခဲ့ သည်ကို ဘယ်လ်ဂျီယမ်နန်းတော်က မရှင်းပြခဲ့ပေ။

ဘယ်လ်ဂျီယမ်ဘုရင် ဖိလစ်၏တူတော်သူ မင်းသား ဂျိုအာချင်က သူ၏လုပ်ရပ်အတွက် တောင်းပန်ခဲ့ သည်။
“ကျွန်တော့်လုပ်ရပ်တွေအတွက် တစ်ကယ်ကို နောင်တရမိပါတယ်။ အကျိုးဆက်တွေကို ကျွန်တော် လက် ခံမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တစ်ခုအတွင်း ၄င်းက ပြောကြားခဲ့သည်။

မင်းသား ဂျိုအာချင်အနေဖြင့် ဒဏ်ကြေးကို ၁၅ ရက်အတွင်း ပေးဆောင်ပါက ထက်ဝက် လျော့ချပေး မည်ဖြစ်သည်။

စပိန်နိုင်ငံမှာ ဥရောပတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ဘေး အဆိုးရွားဆုံးခံရသည့် တိုင်းပြည်တစ်ခုဖြစ် ပြီး သေဆုံးသူ ၂၇၀၀၀ ကျော်အထိ ရှိခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Belgian prince fined for Spanish lockdown breach


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။