Trending Now

နန့်မွန်းမြို့တွင် မိုးရွာသွန်းမူကြောင့် ရပ်ကွက်များရှိ နေအိမ်နှင့် လမ်းများသို့ ရေများစတင်ဝင်ရောက်

Spread the love

နန့်မွန်းမြို့တွင် မိုးရွာသွန်းမူကြောင့် ရပ်ကွက်များရှိ နေအိမ်နှင့် လမ်းများသို့ ရေများစတင်ဝင်ရောက်

EPN
မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့နယ်၊ နန့်မွန်းမြို့တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်များရှိ နေအိမ်များ၊ လမ်းများတွင် ရေများစတင် ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

အင်းတော်ကြီးဒေသ တစ်လျှောက်တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ယနေ့အထိ မိုးများဆက်မပြတ်ရွာ သွန်းနေပြီး ချောင်းရေ၊ မြောင်းရေ၊ တောင်ကျရေများ အင်းတော်ကြီးသို့စီးဝင်လာကာ အနီးရှိ ဒေသများသို့ ရေများစတင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း နန့်မွန်းမြို့မှ ဒေသခံတစ်ဦးထံမှ သိရသည်။

“ မိုးရွာတာက မနေ့ညကတည်းကရွာတာ အခုထိရွာနေတုန်းပဲ။ မိုးကမတိတ်သေးဘူး။ အဲ့လိုရွာနေတော့ တောင်ကျချောင်းတွေ၊ နန့်မွန်းချောင်း၊ အင်ကျင်းတောင်တွေကနေကျတဲ့ ရေတွေက အင်းထဲကိုပဲစီးလာတာလေ။ အဲ့ဒါကြောင့် အင်းဘေးနားက ရပ်ကွက်တွေထဲ ရေတွေစပြီး ဝင်လာတာပေါ့။ နန့်မွန်းမြို့ ရပ်ကွက် ၂ မှာ ပိုပြီးရေဝင်နေတယ်။ အနိမ့်ပိုင်းတွေမှာ ပိုဝင်တာပေါ့။ စိုးရိမ်ရတာက အခုမှ မိုးစရွာတာကို ရေကဒီလောက်ထိဝင်နေပြီ ဆိုတော့ ရှေ့ပိုပြီး ရေကြီးရေလျှံ ဖြစ်မှာကိုပဲ စိုးရိမ်နေရတယ် ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နှစ်တွင်လည်း အင်းတော်ကြီးဒေသများဖြစ်သည့် နန့်မွန်းမြို့နှင့် ဟဲပုကျေးရွာများတွင် ချောင်းရေကြီးမှု ဖြစ်ပေါ်ကာ တံတားများ၊ လမ်းပိုင်းများ၊ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ လယ်ယာစိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။