Trending Now

အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်

Spread the love

အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၈

ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ သမ္မတရာထူးအပြောင်းအလဲအတွက် ဆန္ဒမဲပေးရမှာမဟုတ်ဘဲ အောက်လွှတ်တော်အမတ်ရာထူးတွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးတွေအတွက် အဓိကထားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရွေးကောက်ပွဲကပဲ အမေရိကရဲ့ ရှေ့ဆက်ရမယ့်အနာဂတ်၊ သမ္မတ၊ ပါတီနှစ်ရပ်ရဲ့လွှမ်းမိုးနိုင်စွမ်းနဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ရဲ့ အောင်မြင်မှု ကျရှုံးမှုတို့ကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာများများရတဲ့ပါတီဟာ အစိုးရအဖွဲ့တွင်း ဩဇာလွှမ်းမိုးခွင့်နဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်တွေလဲ ရရှိမှာဖြစ်တဲ့အတွက် အများစုခန့်မှန်းထားသလို ထရမ့်ရဲ့ ပါတီသာ အားသာသွားရင် လက်ရှိအစိုးရအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။

အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်တွေ အနိုင်ရပါက မနှစ်က Capitol အဓိကရုဏ်းမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ ဒီမိုကရက်တစ် စုံစမ်းရေးကိုမရှင်ကိုပိတ်သိမ်းပြီး ဘိုင်ဒင်အစိုးရကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထရမ့်က ကတိပြုထားပါတယ်။

လက်ရှိ ဘိုင်ဒင်အစိုးရရဲ့ အခြေအနေဟာလည်း ကောင်းတဲ့အနေထားမှာမရှိနေပါဘူး။ စီးပွားရေးကျဆင်းမှု ၊ပြည်တွင်းမှာ ရာဇဝတ်မှုထူပြောလာမှု၊ အမေရိကန်-မက္ကဆီကို တရားမဝင် ဖြတ်ကျော်မှုတွေကြောင့် အမေရိကန်ပြည်သူအများစုဟာ လက်ရှိအစိုးရကို မကြေမနပ်ဖြစ်နေကြပါတယ်။

လက်ရှိ အကြိတ်အနယ်ယှဉ်ပြိုင်နေရာမှာ ဒီမိုကရက်အတွက်ကတော့ ဘိုင်ဒင်၊ အိုဘာမား နဲ့ ကလင်တန် သုံးယောက်ပေါင်းကာ ထရမ့်ကို ခုခံနေရပြီး ထရမ့်အတွက်ကတော့ ဂျိုးဘိုင်ဒင် အာဖဂန်မှာ ၈ ဘီလီယံဖိုး လက်နက်တွေထားခဲ့ပြီး ဖရိုဖရဲဆုတ်ခွာခဲ့ရတာတခုနဲ့တင် ဒီမိုကရက်တစ်ကို အနိုင်ရဖို့ သေခြာနေပြီလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

အခု ကြားဖြတ် ရွေးကောက်ပွဲဟာ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတရာထူးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုမရှိပေမယ့် ရေရှည်အားဖြင့် အရေးပါနေသလို သမ္မတရာထူးသက်တမ်း ၂ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်အပေါ် အမေရိကန်ပြည်သူ တွေ ကြေနပ်မှုရှိမရှိဆိုတာကို အခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးသွားမယ်လို့ ဆိုပါတယ်။

— ကိုးကား —
BBC
Ref; US midterms: Millions of Americans to vote with Congress at stake


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။