Trending Now

မြစ်ကြီးနာမြို့တွင် လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ ၂ ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနာမြို့တွင် လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ ၂ ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄ (၂၀၁၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီခန့်က လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ ၂ ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်ခိန်ရပ်ကွက်၊ အမက မူလွန်ကျောင်းလမ်းအတွင်း နေအိမ်တစ်လုံးတွင် ယနေ့ နံနက်ပိုင်းက နေ့အိမ်ရှိလူများ အိပ်နေစဥ် နေအိမ်အပေါ်ထပ်ရှိ လျှပ်စစ်မီးမိန်းခုံမှ ဝါယာကြိုးများ အပူလွန်ကဲရာမှ အနီးရှိ ထံရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” မနက်ပိုင်းမှာက အိမ်က စျေးသွားတဲ့သူကသွားနဲ့ဆိုတော့ အိမ်မှာ မီးလောင်တာ သတိမထားမိလိုက်ကြဘူး။ အဓိက ကတော့ မီးပျက်လိုက်၊ မီးလာလိုက်နဲ့ဖြစ်တော့ လျှပ်စစ်ဝါယာကြိုးတွေက အပူမခံနိုင်ပဲ လျှော့ဖြစ်ပြီး ဖြစ်တာလို့ သိရတယ်။ အိမ်ကထံရံကာဆိုတော့ မီးလောင်အားကောင်းတယ်။ ရပ်ကွက်က ပြည်သူတွေ ဝိုင်းငြှိမ်းခဲ့ပေမဲ့ မီးကိုမထိမ်းနိုင်ခဲ့ဘူး။ မီးသတ်တပ်ဖွဲ့တွေလာမှ မီးကိုငြှိမ်းသတ်နိုင်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကို မီးငြိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၂ စီးဖြင့် မိနစ် ၃၀ ခန့်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ ထံရံကာ၊ နှစ်ထပ် နေအိမ်တစ်လုံး စုစုပေါင်းတန်ဖိုးငွေ ကျပ် ၇ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်လေမေညို ဆိုသူကို မြစ်ကြီးနားမြို့နယ်၊ ပလနနယ်မြေ ရဲစခန်းတွင် (ပ)၁၈ /၂၀၂၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။