Trending Now

Covid 19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး SPIC/ACHC ကုမ္ပဏီမှ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဗူးများလှူဒါန်း

Spread the love

Covid 19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး SPIC/ACHC ကုမ္ပဏီမှ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဗူးများလှူဒါန်း

EPN
မြစ်ကြီးနား၊ မတ် ၂၀

လတ်တလော နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် Covid 19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြစ်ကြီးနားမြို့နယ်အတွင်း SPIC/ACHC ကုမ္ပဏီမှ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဗူးများ လှူဒါန်းလျှက်ရှိကြောင်း သိရသည်။

SPIC/ACHC ကုမ္ပဏီမှ ယနေ့၊ မတ်လ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးသို့ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဗူးများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပြီး ယင်းသို့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ SPIC/ACHC ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“အခုလတ်တလောဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရစ် (covid 19) ကူးစက်မြန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask တွေနဲ့ ပိုးသတ်ဆေးဗူးတွေကို ဝယ်ယူစုဆောင်းပြီး မြစ်ကြီးနားမြို့နယ် အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာများနဲ့ လူစုလူဝေးများတဲ့နေရာတွေမှာ လှူဒါန်းပေးနေတာပါ၊ ဒီနေ့မှာတော့ နှစ်ခေါင်းစည်း Mask အခုရေ ၁ထောင်၊ ပိုးသတ်ဆေး ၂ ဖာနဲ့၊ ဆပ်ပြာ ၁ ဖာ ကို လှူဒါန်းပေးအပ်ခဲ့ပါတယ်” ဟု SPIC/ACHC ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

SPIC/ACHC ကုမ္ပဏီအနေနှင့် မြစ်ကြီးနားမြို့နယ်အတွင်း Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြီးခဲ့သည့် ရက်များကလဲ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဗူးများကို မြစ်ကြီးနားလေဆိပ်၊ မြစ်ကြီးနားမြို့မရဲစခန်း စသည့် နေရာများတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။