Trending Now

မြစ်ကြီးနားမြို့တွင်း Mask မတပ်သူများကို မေ ၁၉ ရက် နောက်ပိုင်း အရေးယူမည်

Spread the love

မြစ်ကြီးနားမြို့တွင်း Mask မတပ်သူများကို မေ ၁၉ ရက် နောက်ပိုင်း အရေးယူမည်

EPN
မြစ်ကြီးနား၊ မတ် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် နှာခေါင်းစည် (Mask)မတပ်ဘဲ သွားလာသူများကို မေ လ၁၉ ရက်က ေနာက္ပုိင္း အရေးယူသွားတော့မည် ဖြစ် ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှုူး ရုံးမှ သိရသည်။

”မနက်ဖြန်အထိတော့စောင့်ကြည့် ကာလပေါ့။ တစ်ပတ်သတ်မှတ်ထားတယ်။ ဒီ ၁၉ရက်
နေ့နောက်ပိုင်းကစပြီးလိုက်စစ်ဆေးပြီးတော့မှ အရေးယူဖို့လိုလာရင်တော့ အရေးယူတော့မယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန်းဝင်းကပြောသည်။

မေလ ၁၃ရက်နေ့မှ စတင်ကာ စောင့်ကြည့်ကာလ အဖြစ်သတ်မတ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမျှုးရုံးများမှ တဆင့် နှာခေါင်းစည်းတပ်မတပ် စောင့်ကြည့်ရန် ညွန်ကြားထားပြီး အသိပညာပေးခြင်း၊ maskဖြန့်ဝေပေးခြင်း၊ maskမတပ်သူများ နောက်ပိုင်းအရေးယူမည်ဖြစ်ကြောင်း အသိပေးနိုးဆော်မှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Mask မတပ်သူများအားအရေးယူရန် ပြင်ဆင် ရခြင်းမှာ ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း ဦးသန်းဝင်းကထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိကူးစက်ပြန့်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်နိုင်တင်း သည်ရောဂါပိုးရှိသူမှတဆင့် ချောင်းဆိုးခြင်း နှာချေခြင်းထိတွေ့ခြင်းတို့မှတဆင့်ကူးဆက်နိုင်ပြီး Mask တပ်ခြင်းသည် ဤရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်ကြောင်း မြကြီးနားဆေးရုံအုပ်ကြီးဒေါက်တာဘုန်းမော်ကသုံးသပ် ပြောဆို
သည်။

”အဲ့တော့ ဒီရောဂါကာကွယ်ရေးအတွက်ကိုအဓိကအခြေ ခံကျတာကာ ဘယ်ကိုပဲသွားသွားအပြင်ထွက်ရင် maskတပ်တာကတော့ အကောင်းဆုံးကာကွယ်တဲ့နည်းလမ်းတစ်ခုပေါ့။ပြီးတော့ဒီရောဂါပိုးက တစ်ဦး တစ်ယောက်အမှုန်အမွှားလေးတွေကတဆင့်လည်းကူးဆက်တာဖြစ်နိုင်တယ် ။

နောက်တစ်ခုကအမှုန်အမွှားလေးတွေက အရာဝတ္ထုတွေပေါ်မှာပြာကျပြီးတော့မှ ကပ်သွယ်ညှိနေပြီးတော့မှ လက်နဲ့ကိုင်သွယ်ပြီး လက်ကနေ တစ်ဆင့်ကိုယ့်ရဲ့နှာခေါင်း၊ ပါးစပ်ကို ကိုင်မိတာကနေလည်းကူးစက်နိုင်ပါတယ်”ဟု ဒေါက်တာဘုန်းမော် ကပြောသည်။

ဤသို့ အရေးယူဆောင်ရွက်ရာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ -၁၈၈ အရ အရေးယူမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ၏ ပြစ်မှု အပေါ်မူတည် ၍ ငွေဒဏ် (၅၀၀၀၀)ဖြစ်စေ၊ ထောင်ဒဏ်တစ်လမှ ခြောက်လအထိဖြစ်စေ ကျခံနိုင်သည် ဟုသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။