Trending Now

ရှင်ဗွေယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများ အတွက် အလှူရှင် တစ်ဦးမှ ဆန်အိတ် တစ်ရာ့သုံးဆယ် လှူဒါန်း

Spread the love

ရှင်ဗွေယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများ အတွက် အလှူရှင် တစ်ဦးမှ ဆန်အိတ် တစ်ရာ့သုံးဆယ် လှူဒါန်း

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား အလှူရှင်တစ်ဦးမှ ဆန်အိတ် ၁၃၀ အိတ်ကို ဇန်နဝါရီ ၂၈ ရက်နေ့က လှူဒါန်းပေးခဲ့ကြောင်း ရှင်ဗွေယန်မြို့ နေထိုင်သူများထံမှ သိရသည်။

အဆိုပါ ဆန်အိတ်များကို အလှူရှင်ဖြစ်သည့် ဦးကျော်သီဟနှင့် ဇနီးဒေါ် ဝင်းမေသိန်း မိသားစုမှ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး
ရှင်ဗွေယန်မြို့နေ ဦးကျော်သူထက်မှ လက်ခံရယူကာ ရှင်ဗွေယန်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များတွင် အခက်အခဲ ဖြစ်နေသည့် မိသားစုများ၊ ဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာများသို့ အသီးသီးလှူဒါန်းပေးခဲ့သည်ဟု သိရသည်။

“အလှူရှင် ဦးကျော်သီဟနှင့် ဇနီး ဒေါ်ဝင်းမေသိန်းတို့ မိသားစုကနေ ရှင်ဗွေယန်မြို့အတွက် ဆန်အိတ် ၁၃၀ အိတ်ကို လှူဒါန်းပေးတဲ့အတွက် ကျွန်တော်တို့ကနေ တဆင့် ဌာနဆိုင်ရာတွေနှင့် ရပ်ကွက်နေပြည်သူတွေ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေကို သွားပြီး လှူဒါန်းပေးတာပါ”ဟု ဦးကျော်သူထက်မှ ပြောပြသည်။

ယင်းကဲ့သို့ လူဒါန်းပေးမူ ကြောင့် အလွန် ဝမ်းသာမိကြောင်းနှင့် မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူ ပြုစေသည့်အတွက် ပြည်သူ အားလုံးကိုယ်စား အလှူရှင်မိသားစုအား ကျေးဇူးတင်ရှိကြောင်း ပြည်သူတစ်ဦးကပဆိုသည်။

“အခုလို ခက်ခဲတဲ့အချိန်မှာ ထမင်းတစ်လုပ်အလကားရတယ်ဆိုတာလည်း အင်မတန်မှ ကျေးဇူးတင်ရမှာပဲ၊ အခုလည်း ကျွန်တော်တို့လို တစ်နေ့လုပ် တစ်နေ့စားတွေကို ဆန်လှူဒါန်းပေးတဲ့အတွက် တစ်နေ့လုပ်ပြီးရတဲ့ ဝင်ငွေက ဆန်ဖိုးမကုန်တော့ဘူး၊ တခြားလိုတာ ထပ်ဝယ်လို့ ရသွားတာပေါ့၊ ဒါကြောင့် အခုလို ကူညီလှူဒါန်းပေးတဲ့ အလှူရှင်နှင့် ပါဝင်ဆောင်ရွက်ပေးတဲ့ လူကြီးတွေကို အရမ်းပဲ ကျေးဇူးတင်မိတယ်၊ ဒီထက်မကလည်း လုပ်ငန်းဆောင်တာမှန်သမျှ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ် “ ဟု ပြည်သူတစ်ဦးက ပြောသည်။

ရှင်ဗွေယန်မြို့တွင် ဆန်၊ ဆီ များသယ်ဆောင်သည့် ကားများကို ဝင်ခွင့်ပိတ်ထားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များ လုပ်ငန်းရပ်နားထားရပြီး ပြည်သူများလည်း သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဆန်၊ ဆီ ကားများကို အမြန်ဆုံး ဝင်ခွင့်ပြုစေရန် မြို့ခံပြည်သူများ လိုလားနေကြသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။