Trending Now

လွှတ်တော်ထဲ အကြမ်းဖက်ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့ ရှင်းလင်း

Spread the love

လွှတ်တော်ထဲ အကြမ်းဖက်ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့ ရှင်းလင်း
EPN
နိုင်ငံတကာ၊ ဇူလိုင် ၂ 
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ လွှတ်တော်ထဲ ၀င်ရောက်စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ရှင်းလင်းခဲ့ပါတယ်။ 
ဆန္ဒပြသူတွေဟာ ဟောင်ကောင်ရဲ့ အချုပ်အခြာအာဏာကို ဗြိတိန်က တရုတ်နိုင်ငံကို လွှဲပြောင်းပေး ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီးနောက် ဟောင်ကောင် ဥပဒေပြုရေး ကောင်စီကို ၀င်ရောက်စီးနင်းခဲ့ကြတာပါ။ 
ညသန်းခေါင်ကျော်အချိန်မှာ ရာချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို နောက်ဆုတ်ကြဖို့ သတိပေးခဲ့ပါတယ်။ 
ဟောင်ကောင်မှာ အငြင်းပွားဖွယ်ရာ တရားခံလွှဲပြောင်းရေးဥပဒေကြောင့် ဆူပူအုံကြွမှုတွေဖြစ်ပေါ်ခဲ့ တာ သီတင်းပတ်အတန်ကြာလာခဲ့ပြီဖြစ်ပါတယ်။ 
ဆန္ဒပြသူတွေဟာ တရုတ်ပြည်မကြီးကို တရားခံလွှဲ ပြောင်းခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြမှုမှာ ရဲတပ် ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပြုဖို့ကိုလည်း တောင်းဆိုခဲ့ကြပါ တယ်။ 
ဆန္ဒပြသူတွေရဲ့ လွှတ်တော်တွင်း အကြမ်းဖက်စီးနင်းဝင်ရောက်မှုကို ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဆိုးရွားတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ ဝေဖန်ရှုတ်ချသွားခဲ့ပါတယ်။ 
Ref; CNA
Hong Kong police evict protesters who stormed parliament

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။