Trending Now

ချောက်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံး

Spread the love

ချောက်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံး

EPN
ချောက်၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

ချောက်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ စစ်ကွင်းရပ် အောင်ရတနာ(၂) စားသောက်ဆိုင်တွင် အမှတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖော်တစ်ဦးတို့ ထိုင်နေစဥ် အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၂၆ရက်နေ့၊ ည ၈နာရီခွဲ အချိန်တွင် ချောက်မြို့၊ အမှတ် (၁၄)ရပ်ကွက်၊ စစ်ကွင်းရပ် အောင်ရတနာ (၂) စားသောက်ဆိုင်တွင် အမှတ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၀င်း အသက် ၄၂ နှစ် အမှတ် (၁၄) စစ်ကွင်းရပ်၊ ချောက်မြို့နေသူနှင့် မသားသားတို့မှ ထိုင်နေစဥ် အမည်မသိ
အင်္ကျီ အနက်ရောင်၀တ်နှင့် အင်္ကျီအဖြူရောင် ၀တ်ထားသူ ၂ ဦးမှ အနော်ရထာတံတား ချဥ်းကပ်လမ်းမှ ဆိုင်ကယ်စီးလျှက် အောင်ရတနာ စားသောက်ဆိုင်အတွင်း ၀င်ရောက်ကာ သေနတ်ဖြင့် (၇)ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမှတ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၀င်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ မသားသားတွင် ၀မ်းဗိုက် ဘယ်ညာဖောက်၀င်ဒဏ်ရာ (၂)ချက် (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိစေရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။