Trending Now

မြောက်ကိုရီးယားရဲ့ စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသခဲ့

Spread the love

မြောက်ကိုရီးယားရဲ့ စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသခဲ့

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉

မြောက်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ အကြီးမားဆုံး နျူကလီးယားဒုံးကျည်တွေအပြင် လောင်စာဆီးသုံး တိုက်ချင်းပစ်ဒုံးကျည်အသစ်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

ဇနီး၊သမီးငယ်တို့နဲ့အတူ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ဗုဒ္ဓဟူးနေ့ညက မြောက်ကိုရီးယား စစ်တပ်တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါ စစ်ရေးပြ ခမ်းအနားမှာ နျူကလီးယားဒုံးကျည်တွေအပြင် Hwasong-17 ICBM ၁၁ စင်းနဲ့ နည်းဗြူဟာမြောက် ICBM ဒုံးကျည်တွေကို ပြသခဲ့တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ပြောကြားခဲ့ပါတယ်။

ချီတက်ပွဲမှာ မြောက်ကိုရီးယား စစ်သားတွေက “နျူကလီးယားအတွက် နျူကလီးယား၊ ထိပ်တိုက်ရင်ဆိုင်မှုများ” ဟုကြွေးကြော်ရင် မြောက်ကိုရီးယားရဲ့ စွမ်းရည်ကို အလေးပေး ဖော်ပြခဲ့တယ်လို့ KCNA က ပြောပါတယ်။

Aljazeera/ ref; North Korea shows off possible new ICBM at huge military parade

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။