Trending Now

တရားမဝင် နယ်စပ်ဖြတ်ကျော်သူ မြန်မာနိုင်ငံသား ၂၆၄ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

Spread the love

တရားမဝင် နယ်စပ်ဖြတ်ကျော်သူ မြန်မာနိုင်ငံသား ၂၆၄ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာနိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ ၂၆၄ ဦးကို သောကြာနှင့် စနေနေ့တွင် ခရိုင်လေးခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘန်းကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြထားသည်။
စစ်သားများနှင့် ရဲအရာရှိများသည် သောင်းဖန် ခရိုင်အပါအဝင် နယ်စပ်ခြောက်ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည် မြန်မာ နိုင်ငံမှ အမျိုးသား ၁၅၆ ဦးနှင့် အမျိုးသမီး ၁၀၈ ဦးကို သီးခြားစစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ပြီး ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ ရွိုင်း၊ ကန်ချနပူရီနှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်ရရှိရန် ဝင်ရောက်ခဲ့ကြသည်ဟုဆိုသည်။
ဖမ်းဆီးရမိသူများအားလုံးကို ခရိုင်လေးခုရှိ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တရားမဝင်ဝင်ရောက်မှုဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။
ရွှေ့ပြောင်း အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ခန့်မှန်းချက်အရ တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာသူ ၈၀,၀၀၀ ရှိပြီး ၎င်းတို့အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီ လနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေး အခြေအနေ သိသိသာသာ ယိုယွင်းလာပြီး တရားမဝင် ဖြတ်ကျော်မှုများ ဆက်လက် တိုးပွားလာနေသည်ဟု ဆိုသည်။
ကိုးကား
ဘန်းကောက်ပို့စ်
Ref; 264 illegal migrants caught in Kanchanaburi

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။