Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိပ်တန်းဆေးရုံ မီးလောင်မှုတွင် ကိုဗစ်-၁၉ လူနာငါးဦးသေဆုံး

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိပ်တန်းဆေးရုံ မီးလောင်မှုတွင် ကိုဗစ်-၁၉ လူနာငါးဦးသေဆုံး

EPN
နိုင်ငံတကာ၊ မေ ၂၈

ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိပ်တန်းဆေးရုံတစ်ခု၏ ယာယီ ကိုရိုနာဗိုင်းရပ်စ် ကုသဆောင်တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် မြင့်တက်လာမှု ကြုံတွေ့နေရချိန်တွင် မီး လောင်မှုမှာ ဒါကာမြို့ရှိ လူကုံထံများနေထိုင်ရာ ဂူလ်ရှန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

ယူနိုက်တက်ဆေးရုံက ပိုင်ဆိုင်သည့် ပစ္စည်းထားရာရုံတစ်ခုအတွင်း အဲယားကွန်းတစ်လုံး ပေါက်ကွဲရာမှ မီးလောင်မှုစတင်ခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ ကမ်ရူဟာဆန်က ပြောသည်။

“မီးသတ်တပ်ဖွဲ့က တစ်နာရီဝန်းကျင်အတွင်း မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူငါးဦး သေဆုံးခဲ့ပါတယ်” ဟု ဟာဆန်က ပြောသည်။ သေဆုံးသူသုံးဉီးမှာ ကိုဗစ်-၁၉ လူနာများဖြစ်ပြီး နှစ်ဉီးမှာ ရောဂါမရှိသူများဖြစ်ကြောင်း ဒါကာရဲတပ်ဖွဲ့မှ လက်ထောက် ကော်မရှင်နာ ဆူဒက်ပ်ကူးမားချတ်ကရာဘော်တီက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက မကြာသေးမီ သီတင်းပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုမိုဆိုးရွွားစေခဲ့ ပြီး သေဆုံးသူ ၅၄၄ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်လူနာသစ် ၄၀၀၀၀ နီးပါး မြင့်တက်လာခဲ့သည်။ အစိုးရက ယခု အပတ်အတွင်း ကိုဗစ်-၁၉ လူနာများကိုကုသရန် နိုင်ငံပိုင်ဆေးရုံအများစုကို ညွှန်ကြားခဲ့သည်။

ယခင်က ပြည်သူနှင့် ပုဂ္ဂလိကဆေးရုံများကသာ ကိုဗစ်-၁၉ လူနာများကို ကုသပေးသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အမှန်တစ်ကယ် ကူးစက်မှုနှင့် သေဆုံးမှုမှာ ပိုမို မြင့်မားဖွယ်ရှိကြောင်း ကျန်းမာရေး ပ ညာရှင်များက ပြောကြားသည်။

–ကိုးကား–
စီအင်န်အေ
Ref; Five die in fire in Bangladesh hospital COVID-19 unit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။