Trending Now

ဆိုရှယ်မီဒီယာအသုံးပြုမှုကို န.စ.က အနေဖြင့် ထိမ်းချုပ်ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပြော

Spread the love

ဆိုရှယ်မီဒီယာအသုံးပြုမှုကို န.စ.က အနေဖြင့် ထိမ်းချုပ်ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပြော

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

ဆိုရှယ်မီဒီယာအသုံးပြုမှုကို န.က.စ အစိုးရအနေဖြင့် ထိန်းချုပ်ထားခြင်း မရှိကြောင်းနှင့် ဝက်ဘ်ဆိုက် များကိုလည်း ဖွင့်လှစ်ပေးထားပြီး သတင်းမှန်များကိုလည်း MRTV၊ MOI ဝက်ဘ်ဆိုက်များကလည်း သတင်းမှန်များ တင်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ယနေ့နံနက်ပိုင်းတွင် ပြောဆိုလိုက်သည်။

ဂျပန်နိုင်ငံ Mainichi သတင်းစာမှ သတင်းထောက် Ms. Kana Takagi က အွန်လိုင်းမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံ၍ ဆိုရှယ်မီဒီယာများ ပျံ့နှံ့လာမှုကို အစိုးရအနေဖြင့် ထိန်းသိမ်းရာတွင် အခက်အခဲဖြစ်ပေါ်မှု ရှိ/မရှိ၊ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ရှုမြင်သုံးသပ်ချက်များကို မေးမြန်းခဲ့ရာတွင် ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆိုရှယ်မီဒီယာ ပျံ့နှံ့မှုအပေါ် သတင်းအချက်အလက် ထိန်းထားနိုင်ရန်အခက်အခဲရှိများရှိပြီး ပြည်သူများ သတင်းအမှန်သိအောင် သတင်းအမှန်များ လွှင့်နေသည့် MOI နှင့် MRTV တို့သည် YouTube, Facebook တို့တွင် ဖြုတ်ချခံထားရသည့်အတွက် ပြည်သူများ သတင်းတု၊ သတင်းအမှားများကို နေ့စဉ်ရင်ဆိုင်နေရသည့် အားနည်းချက်များ ရှိသော်လည်း တတ်နိုင်သမျှ သတင်းအမှန်များ မပြတ်ထုတ်လွှင့်မှုဖြင့် အားသာမှုရှိအောင် စီမံဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောဆိုထားသည်။

ယင်းနောက် ဂျပန်နိုင်ငံ သတင်းထောက် Ms. Kana Takagi က စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ရှုမြင်သုံးသပ်ချက်ကို မေးမြန်းခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကဲ့သို့ ဖြေကြားခဲ့သည်။

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပိတ်ပင်တားဆီးထားခြင်း မရှိသော်လည်း နိုင်ငံတွင် သတင်းမီဒီယာ ဥပဒေကို ပြဋ္ဌာန်းထားပြီး ထိုဥပဒေ၊ ကျင့်ဝတ်အတိုင်း လေးစားလိုက်နာကြပါက ပြဿနာမရှိပါကြောင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။