Trending Now

စင်ကာပူနိုင်ငံရောက် မြန်မာအမျိုးသားတစ်ယောက်ဟာ စက်ဘီးစီးရင်း ချော်လဲကာ ဒဏ်ရာရရှိခဲ့တဲ့အတွက် နစ်နာကြေး ဒေါ်လာ ၅ သိန်းကျော်ရလိုကြောင်း အဏာပိုင်တွေကို တရားစွဲ

Spread the love

စင်ကာပူနိုင်ငံရောက် မြန်မာအမျိုးသားတစ်ယောက်ဟာ စက်ဘီးစီးရင်း ချော်လဲကာ ဒဏ်ရာရရှိခဲ့တဲ့အတွက် နစ်နာကြေး ဒေါ်လာ ၅ သိန်းကျော်ရလိုကြောင်း အဏာပိုင်တွေကို တရားစွဲ

EPN
စက်တင်ဘာ ၈

စင်ကာပူနိုင်ငံရောက် မြန်မာအမျိုးသားတစ်ယောက်ဖြစ်တဲ့ ကိုမောင်မောင်အောင်စိုးဟာ စက်ဘီးစီးရင်း စက်ဘီးဟာ ရေမြောင်းပေါက်ထဲကို ချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၅၇၈၀၀၀ ရလိုကြောင်း (PUB) အဏာပိုင်တွေကို တရားစွဲဆိုခဲ့ပါတယ်။

အသက် (၄၂) နှစ်အရွယ် ကိုမောင်မောင်အောင်စိုးသူဟာ Changi Point Coastal Walk လမ်းပေါ်မှာ မနှစ်က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စက်ဘီးစီးနေရင်း ယာဉ်အသွားအလာကြည့်ဖို့ ခေါင်းလှည့်လိုက်ချိန်မှာ ပလက်ဖောင်းနဲ့ကပ်ရပ်က ရေမြောင်းဖုံးအုပ်ထားတဲ့ သံဇကာကွက်ကိုမမြင်လိုက်ဘဲ သံဇကာကွက်ထဲကို စက်ဘီးရှေ့ဘီးက ချော်ကျသွားခဲ့တဲ့အတွက် စက်ဘီးပေါ်က ပြုတ်ကျပြီး ဒဏ်ရရရှိခဲ့တာပါ။

တရားစွဲဆိုခံရတဲ့ PUG ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MSE) လက်အောက်ရှိ ဥပဒေရေးရာဘုတ်အဖွဲ့တစ်ခုဖြစ်ပြီ စင်ကာပူနိုင်ငံ၏ ရေပေးဝေမှု၊ ရေစုပ်ယူမှု နဲ့ အသုံးပြုတဲ့ ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲတဲ့ အမျိုးသား”ရေ”အရင်းအမြစ်အေဂျင်စီဖြစ်ပါတယ်။

ကိုမောင်မောင်အောင်စိုးဟာ အဲ့ဒီစက်ဘီးပေါ်ကပြုတ်ကျခဲ့တာကြောင့် ဦးခေါင်း၊ ကျောရိုးနဲ့ မျက်နှာမှာဒဏ်ရာရခဲ့တာကြောင့် နောက်အဲ့ဒီလိုမဖြစ်အောင် ကာကွယ်ဖို့တာဝန်ရှိတယ်ဆိုပြီး ရုံးတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မနေ့အမှုဆက်စစ်တဲ့ အချိန်မှာတော့ ကိုမောင်မောင်အောင်စိုးသူက အမျိုးသားရေအရင်းအမြစ်အေဂျင်စီ ရဲ့ လျို့ဝှက်ကမ်းလှမ်းချက်ကို လက်ခံသဘောတူလိုက်ပြီလို့ ဆိုပါတယ်။

ဘာတွေကို ကမ်းလှမ်းခဲ့တဲ့ဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် ကိုမောင်မောင်အောင်စိုးရဲ့ ရှေ့နေတွေဖြစ်တဲ့ မစ္စတာရစ်ချတ်တန် နဲ့ မစင်သီယာချားလ်တို့က ကိစ္စပြေလည်သွားတဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ “မစ္စတာမောင်မောင်ဟာ အခု မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ အာရုံစိုက်နိုင်ပါပြီ။ ဒဏ်ရာကြောင့် မတော်တဆမှုဖြစ်ကတည်းက သူ အလုပ်မလုပ်နိုင်တော့တာ” လို့ သူတို့က ပြောပါတယ်။

ကိုမောင်မောင်အောင်စိုးဟာ ကမ်းလှမ်းမှုကို လက်ခံပြီးဖြစ်တာကြောင့် တရားသူကြီးက ရှစ်ပတ်အတွင်း တရားစွဲဆိုခြင်းရပ်ဆိုင်းကြောင်း အကြောင်းကြားစာတင်ဖို့ တရားဝင်ခွင့်ပြုခဲ့ပြီး လက်ရှိစင်္ကာပူနိုင်ငံရဲ့ ရေမြောင်းဖုံးအုပ်တဲ့ သံဇကာတွေကိုလည်း လုံခြုံမှုရှိတဲ့ သံဇကာတွေနဲ့ အစားထိုးအသုံးပြုထားပြီလို့ သိရပါတယ်။

— ကိုးကား —
straitstimes
ref; Cyclist injured in drain grating accident settles suit against PUB after one day of trial

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။