Trending Now

အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုမယ်လို့ သီရိလင်္ကာသမ္မတသစ် ပြော

Spread the love

အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုမယ်လို့ သီရိလင်္ကာသမ္မတသစ် ပြော

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

သီရိလင်္ကာသမ္မတသစ် ဝက်ခရီမက်ဆင်က မြို့တော် ကိုလံဘိုအတွင်းမှာ အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်ခွင့်ပြုသွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတအဖြစ် ဝက်ခရီမက်ဆင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ရာနဲ့ ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သမ္မတရုံးအပြင်ဘက်မှာ ရှိတဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဝင်ရောက် ဖြိုခွင်းခဲ့လို့ ဆန္ဒပြမှုတွေကို ပိုမိုကျယ်ပြန့်စွာ နှိမ်နင်းလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

“သမ္မတ ဝက်ခရီမက်ဆင်က ငြိမ်းချမ်းပြီး အကြမ်းမဖက်သော စုဝေးခွင့် အခွင့်အရေးတွေကို လက်ကိုင်ထားပြီး အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို စည်းကမ်းနဲ့အညီခွင့်ပြုသွားမယ်” လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒပြမှုတွေကို အင်အားသုံးနှိမ်နင်းခဲ့တဲ့ သမ္မတအသစ် ကို ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရဲ့ မတည်မငြိမ်ဖြစ်ပေါ်နေမှုအပေါ် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ သံတမန်တွေနဲ့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သိရီလင်္ကာနိုင်ငံဟာ လောင်စာဆီ၊ အစားအစာ နဲ့ အခြားကုန်ပစ္စည်းပြတ်လပ်မှုတွေကို ရင်ဆိုင်နေရပြီး သွင်းကုန်တွေ တင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေဟာလည်း နိုင်ငံထဲမှာပြတ်လပ်သွားခဲ့ပါပြီ။

Source – yahoo

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။