Trending Now

ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

Spread the love

ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
EPN
ဝိုင်းမော်၊ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနာတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆိုပြီး ရတနာမြတ်သုံးပါးနှင့် ကြွရောက်လာကြသော ဆရာတော်ကြီးများအား “ဩကာသ” ကန်တော့ခခြင်းဖြင့် ကန်တော့ခဲ့ ကြသည်။
ထို့နောက်မှတော့ အောင်ချမ်းသာကျောင်းတိုက် မှ မြို့နယ်နာယကသံဃာ့အဖွဲ့ဝင်ဦးဝေပုလ္လဆရာတော်မြတ်ကြီးထံ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများမှ ရွတ်ဖတ်ပူဇော်ကြသည့် မေတ္တာသုတ် ပရိတ်တရားတော်အား နာယူတော်မူခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဖိတ်ကြားထားသောဧည့်တော်များမှ ဝါဆိုသင်္ကန်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” ဟု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။