Trending Now

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် ဝါဆိုလပြည့်နေ့ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

Spread the love

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် ဝါဆိုလပြည့်နေ့ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

EPN

မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ သမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်တွင် ကချင်အထူးဒေသ (၁) ဥက္ကဌ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးခင်မောင်ကျော် ၊ ဦးယောယိန်း၊ ဦးတွမ်ပီချင်း ဆက်ဆံရေးရုံးမိသားစုများမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာအခမ်းအနားတွင် ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှမိသားစုများက“နမောတသ”သုံကြိမ်ရွက်ဆိုကြပြီး ဆရာ‌လေးများထံမှ ငါးပါးသီလနှင့် တရား‌တော်များကို ခံယူခဲ့ကြပြီး ဆရာလေးများအတွက် လိုအပ်သည့် အသုံးဆောင်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သီလရှင်ဆရာလေးများအတွက် နေ့ဆွမ်း ဆက်ကပ်ကာ တက်ရောက်လာသူများကို နေ့လည်စာများဖြင့် ကျွေးမွှေးဧည့်ခံခဲ့ကြသည်။

ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ သမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအတွက် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေး၊သွားတိုက်တံ၊သဘက်၊အစရှိသည့် ပစ္စည်းများကိုလှူဒါန်းခဲ့ပြီး ဝါတွင်း သုံးလပတ်အတောအတွင်း အဖိတ်နေ့ နှင့် ဥပုဒ်နေ့များတွင် အာရုံဆွမ်း၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။