Trending Now

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလို ဒေဝါလီခံရတော့မယ်လို့ အိန္ဒိယ နဲ့ ထိုင်း သတင်းတွေကဆို

Spread the love

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလို ဒေဝါလီခံရတော့မယ်လို့ အိန္ဒိယ နဲ့ ထိုင်း သတင်းတွေကဆို

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၀

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သီရိလင်္ကာလိုပဲ ဒေဝါလီခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အိန္ဒိယသတင်းတွေနဲ့ ထိုင်းသတင်းတွေက ဒီနေ့ ဇူလှိုင် လ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းနဲ့ အထက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို ကျပ်ငွေပြောင်းလည်း ကိုင်ဆောင်ဖို့ ဗဟိုဘဏ်က ဇူလှိုင်လ ၁၈ ရက်နေ့က ကြေညာခဲ့တာဟာ ကျပ်ငွေအပေါ် ဖိအားတွေ သက်သာစေဖို့ ရည်ရွယ်ထားတာလို့ ဟင်ဒူစတန်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေ အရန်ငွေ လျော့နည်းလာမှုကို ကာကွယ်ဖို့အတွက် ဗဟိုဘဏ်ကနေ ကုမ္ပဏီတွေနဲ့ တစ်ဦးချင်း နိုင်ငံခြားချေးငွေ ပြန်ဆပ်ခြင်းကို ဆိုင်းငံထားဖို့ ညွန်ကြားခဲ့တယ်လို့ သတင်းတွေ က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာ့စီးပွားရေးဟာ သီရိလင်္ကာလို အောက်ဆုံးကို နှစ်မြုတ်နေပြီး နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စီးပွားရေးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုကျဆင်းလာတယ်လို့ ဆိုပါတယ်။

Source – hindustantimes

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။