Trending Now

မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာအုပ်စုတွင် ဆိုင်ကယ်ဖြင့် ဖျာလှည့်လည်ရောင်းချသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာအုပ်စုတွင် ဆိုင်ကယ်ဖြင့် ဖျာလှည့်လည်ရောင်းချသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၃၀

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာအုပ်စု ကဝါးခကျေးရွာတွင် ယနေ့နံနက်ပိုင်းက ဖျာရောင်းသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ် ဆိုင်ကယ်ဖြင့် ဖျာလှည့်လည်ရောင်းချသည့် အမျိုးသားတစ်ဦးဖြစ်ပြီး လူမှုရေးကိစ္စအရှုပ်အရှင်းများကြောင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည် ။

“ဒီမနက်ပိုင်းက နောင်နန်းအုပ်ချုပ်ရေးမှူးရုံးအနားကနေ ရိမ်းခေါ်ကျေးရွာသွားလမ်းအနီးမှာ ဖြစ်သွားတာပါ ဖျာသည်ကို သေနတ် ရှစ်ချက်နဲ့ ပစ်သတ်သွားတယ် ငွေတွေ ဖုန်းတွေဆိုင်ကယ်တွေ လုယူခံရာတာမျိုးတော့ မရှိဘူး လူမှုရေးကိစ္စ အရှုပ်အရှင်းရှိလို့ သတ်သွားတာထင်တယ်”ဟု ၎င်းကပြောသည်။

သေဆုံးသူသည် မြစ်ကြီးနားနယ်ခံသားမဟုတ်ပဲ ကျေးရွာများတွင် ဖျာလှည့်လည် ရောင်းချ နေသူဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအား သက်ဆိုင်ရာနယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ပြီး နောက် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်တွင် အမည်မသိလက်နက်ကိုင် အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပြီးခဲ့သည့်လပိုင်းက လယ်ကုန်းရပ်ကွက်ဆီဆိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့်‌သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။