Trending Now

ဘာကီနာဖာဆိုနိုင်ငံတွင် တရားမဝင်ရွှေတွင်း ပေါက်ကွဲမှုကြောင့် လူပေါင်း ၆၀ ခန့်သေဆုံး

Spread the love

ဘာကီနာဖာဆိုနိုင်ငံတွင် တရားမဝင်ရွှေတွင်း ပေါက်ကွဲမှုကြောင့် လူပေါင်း ၆၀ ခန့်သေဆုံး
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
ဘာကီနာဖာဆိုနိုင်ငံ အနောက်တောင်ဘက်ရှိ ပိုနီပြည်နယ်တွင် တရားမဝင် ရွှေတူးဖော်သည့်နေရာ၌ ယမန်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆၀ ခန့် သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း ပိုနီပြည်နယ် မဟာမင်းကြီး အန်တွိုင်း ဒူအန်ဘ က နိုင်ငံပိုင် ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
ဘာကီနာဖာဆိုနိုင်ငံသည် နိုင်ငံတကာကုမ္ပဏီများမှ ရွှေတူဖော်ခြင်းများလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး တရားမဝင် လုပ်ဆောင်နေသည့် ရာနှင့်ချီသော အသေးစားရွှေတူး ဖော်ခြင်းလုပ်ငန်းများ လည်းရှိသည်။
ယင်းရွှေတူဖော်သည့် မိုင်းတွင်းများအတွင်း ကလေးများသည် လက်လုပ်လက်စားအဖြစ် အများစုလုပ်လေ့ရှိပြီး မတော်တဆမှုများလည်း အဖြစ်များသည့် နေရာများဖြစ်သည်။
ဘာကီနာဖာဆိုနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ငွေကြေးထောက်ပံ့ရန်အတွက် သတ္တုတွင်းနေရာများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အယ်လ်ကိုင်ဒါနှင့် အစ္စလာမ္မစ်နိုင်ငံတော်နှင့် ဆက်နွှယ်နေသည့် အစ္စလာမ္မစ်အုပ်စုများ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။
— ကိုးကား —
ရိုက်တာ
Ref; About 60 killed in blast at informal gold mine -Burkina Faso state TV

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။