Trending Now

ဆွေးနွေးမှုနှင့် သံတမန်ရေးအရသာလျှင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဟု ကမ္ဘာ့ခေါင်းဆောင်ဟောင်းအဖွဲ့ပြော

Spread the love

ဆွေးနွေးမှုနှင့် သံတမန်ရေးအရသာလျှင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဟု ကမ္ဘာ့ခေါင်းဆောင်ဟောင်းအဖွဲ့ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၅

ဆွေးနွေးမှုနှင့် သံတမန်ရေးအရသာလျှင် ယူကရိန်းတွင် ဆိုးရွားသောစစ်ပွဲကို အဆုံးသတ်နိုင်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံးအတွက် အောင်ပွဲရနိုင်သည်ဟု နယ်လ်ဆင်မင်ဒဲလားတည်ထောင်ခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်ဟောင်းအဖွဲ့မှ အဖွဲ့ဝင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။

The Elders ဟုသိကြသော အဆိုပါအဖွဲ့သည် ယူကရိန်းသမ္မတ ဇလန်ဇကီ အား ယခုနွေရာသီတွင် ပဋိပက္ခမှလွတ်မြောက်ရန်နည်းလမ်းကို စတင်စဉ်းစားရမည်ဟု အဖွဲ့ကို ဦးဆောင်သူ အိုင်ယာလန်သမ္မတဟောင်း ရော်ဘင်ဆန် က ပြောကြားခဲ့သည်။

“နှစ်ဘက်စလုံးက စစ်လက်နက်တိုက်တွေ တိုးမြှင့်ပြီး ယူကရိန်းမှာ လူတွေကို ပျက်သုဉ်းစေမယ့် အစား စစ်ပွဲကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတဲ့ အတွေးအခေါ်ကို ရရှိဖို့အတွက် နောက်ထပ် စဉ်းစားဖို့ တိုက်တွန်းလိုပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် မစ္စတာ ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

သံခင်းတမန်ခင်းနဲ့ စေ့စပ်ညှိနှိုင်းရေးဟာ စစ်ပွဲ၏ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ အယ်လ် ဟူစိန် က သဘောတူခဲ့သော်လည်း ယူကရိန်းနိုင်ငံ၏ ချုပ်အခြာအာဏာကို စွန့်လွှတ်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အနောက်မဟာမိတ်အဖွဲ့သည် ၎င်း၏နယ်နိမိတ်များဆီသို့ ပိုမိုနီးကပ်စွာ တွန်းအားပေးလုပ်ဆောင်နေမှုကို မကျေမနပ်ဖြစ်နေသည်မှာ ကြာခဲ့ပြီဖြစ်ပြီးသည့် အတွက် ဆွေးနွေးမှုလုပ်ဆောင်ရာတွင် အဓိက အကြောင်းအရာတစ်ခုအဖြစ် ပါဝင်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ယူကရိန်းအား ရုရှား၏ ကျူးကျော်ဝင်ရောက်မှုသည် ကုလသမဂ္ဂ ပဋိညာဉ်ကို ထင်ရှားစွာချိုးဖောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေမည့် မဆင်မခြင်၊ တရားမျှတမှုမရှိသော ရန်လိုမှုအဖြစ် ဖေဖော်ဝါရီလတွင် အကြီးအကဲများက ရှုတ်ချခဲ့သည်။

— ကိုးကား —
AP
ref; Global statesmen: Only diplomacy can end Ukraine war

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။