Trending Now

ဖားကန့်မြို့နယ်တွင် တပ်မတော်သားတစ်ဦးကို လက်ကြိုးတုတ်ကာ သေနတ်ဖြင့်ပစ်သတ်ထားသည့် ရုပ်အလောင်းတစ်ခု တွေ့ရှိ

Spread the love

ဖားကန့်မြို့နယ်တွင် တပ်မတော်သားတစ်ဦးကို လက်ကြိုးတုတ်ကာ သေနတ်ဖြင့်ပစ်သတ်ထားသည့် ရုပ်အလောင်းတစ်ခု တွေ့ရှိ

EPN
မြစ်ကြီးနား၊ မတ် ၂၅ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာတွင် ယမန်နေ့ (မတ်လ (၂၃)ရက်နေ့)၊ ည (၉)နာရီခန့်က တပ်မတော်သားတစ်ဦးကို လက်ကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ တပ်မတော်သားတစ်ဦး၏ လက်ကို ပလက်စတစ်ပိုက်ကြိုးဖြင့် တုတ်နှောင်ထားပြီး၊ ထုရိုက်ဒဏ်ရာများ၊ ဦးခေါင်းကျည် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဆန်းကြွယ်ကျေးရွာ အဝင်တွင် ဒေသခံများမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” လက်ကို ပလက်စတစ်ပိုက်ကြိုးနဲ့ ရှေ့ကနေ တုတ်ထားတယ်။ မျက်နှာမှာလည်း ထုရိုက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ နောက်ပြီး ဦးခေါင်းမှာလဲ ကျည်ထိမှန်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာတွေ့ရတယ်။ စစ်တပ်ဝတ်စုံနဲ့ ဒုတပ်ကြပ် တစ်ရစ်နဲ့ သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့ခဲ့ရတာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါသေဆုံးသူမှာ ရိုက်နှက်ဒဏ်ရာများ၊ ဦးခေါင်းကျည် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းကို ဖားကန့်မြို့နယ် ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်မြို့ အနီးတစ်ဝိုင်တွင် တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ တပ်မတော်စခန်းအချို့ကိုလည်း KIA/ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုများလည်း ရှိနေပြီး၊ ယင်းတိုက်ပွဲများအတွင်း နှစ်ဖက်သေဆုံးမှုများ၊ ဖမ်းဆီးရမိမှုများလည်းရှိကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။