Trending Now

တနိုင်းနှင့် ရှဒူးဇွတ်ကျေးရွာကြားရှိ လမ်းပိုင်းအချို့ မိုးရွာသွန်းမှုကြောင့် ပျက်စီး

Spread the love

တနိုင်းနှင့် ရှဒူးဇွတ်ကျေးရွာကြားရှိ လမ်းပိုင်းအချို့ မိုးရွာသွန်းမှုကြောင့် ပျက်စီး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တနိုင်း – ရှဒူးဇွတ် ကျေးရွာကြားရှိ လမ်းပိုင်းအချို့မှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုရှိနေကြောင်း ခရီးသွားပြည်သူ များထံမှ သိရသည်။

ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်များတွင် မိုးများရွာသွန်းနေသည့်အတွက် ရှဒူးဇွတ်ကျေးရွာမှ တနိုင်းမြို့ဘက်သွား လမ်းပိုင်းအချို့မှာ ပျက်စီးမှုများရှိနေပြီး ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ ဖြတ်သန်းသွားလာနေရကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

” ဒီရက်ပိုင်းမိုးက အဆက်မပျက်ရွာနေတော့ လမ်းတစ်ချို့ နေရာတွေကပျက်စီးကုန်တယ်။ ကျောက်ခင်းလမ်းမဟုတ်ပဲ မြေသားလမ်းပိုင်းတွေ ပျက်စီးတာပါ။ ရွှံ့တွေ၊ နွံတွေထဲဆိုတော့ ကားဘီးတွေကျွံတာတွေရှိလို့ အချိန်ကြာတာတွေ ကြုံရတယ်။ လမ်းတွေကပျက်စီးစ ပြုနေကြပြီ။ မိုးတွင်းဆိုရင် ပိုဆိုးနိုင်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် ပျက်စီးနေသည့် လမ်းပိုင်းမှာ မိုးတွင်းအချိန်တွင် မကြာခဏ ပျက်စီးလျှက်ရှိသည့် လမ်းပိုင်းများ ဖြစ်သည့်အတွက် ပိုမိုပြီး ပျက် စီးမှုမရှိစေရန် တာဝန်ရှိသူများ ပြုပြင် ဆောင်ရွက်ပေးနိုင်ရန် ခရီးသွားပြည်သူများက လိုလားနေကြသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။