Trending Now

ကျုံပျော်မြို့နယ်တွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းမှု ဖြစ်ပွားပြီး လူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး

Spread the love

ကျုံပျော်မြို့နယ်တွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းမှု ဖြစ်ပွားပြီး လူနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး

EPN
ကျုံပျော်၊ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာတွင် ယမန့် နေ့လယ်ပိုင်းအချိန်က မီးဖိုဆောင် မီးကြွင်းမီးကျန်မှ တဆင့်မီးလောင်မှုဖြစ်ပွားခဲ့ သဖြင့် နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် ဇန်နဝါရီ ၂၂ ရက် နေ့လည် နှစ်နာရီအချိန်က ပျဉ်ချဆိပ်ကျေးရွာ နေအိမ်ပိုင်ရှင် ဇော်မျိုးဌေး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နေအိမ် မီးဖိုဆောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဦးမျိုးဌေးနေအိမ်နှင့် ဘေးချင်းကပ် နေအိမ် ၁၄ လုံးကို မီးကူစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ ဝင် ၂၈ ဦးမှ မီးသတ်ယာဉ် ၃စီး၊ နာရေးကူညီမှု အသင်းမှ မီးသတ်ယာဉ် ၁ စီးအသုံးပြုပြီး ပရဟိတအဖွဲ့များဒေသခံများမှ ဝိုင်းဝန်းပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကာ မ်နစ်၂၀ ခန့် အကြာတွင်လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့် တရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

”မီးလောင်မှုကြောင့် လူတွေနဲ့ တရိစ္ဆာန်တွေ ထိခိုက်တာ သေဆုံးတာမရှိပါဘူး၊ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၁၄ လုံး လုံးဝမီးလောင်ကျွမ်းခဲ့တယ်၊ ဆုံးရှုံး တန်ဖိုး စုစုပေါင်း ငွေကျပ် ၁၃၅၀၀၀၀ ဆုံးရှုံးခဲ့တယ်၊ အခု မီးဘေး သင့် အိမ်ထောင်စု ၁၅ စုကို ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီ နေထိုင်နိုင်ရေး စီစဉ်ပေးထားတယ်။ ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သည့် ဦးဇော်မျိုးဌေးကို မီး‌ပေါ့ဆစွာသုံးစွဲသည်ဟုဆိုကာ ကျုံပျော်မြို့မရဲစခန်း မှ (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။