Trending Now

စိန်မောနီကားမိဘဲ့မဲ့နှင့်ဆင်းရဲခက်ခဲသောသားသမီးများအားပြုစုပျိုးထောင်ရာဂေဟာတွင် ကလေးငယ်များအတွက်နေထိုင်ရာအဆောင် ဆောက်လုပ်ရန်အကူအညီများလိုအပ်နေ

Spread the love

စိန်မောနီကားမိဘဲ့မဲ့နှင့်ဆင်းရဲခက်ခဲသောသားသမီးများအားပြုစုပျိုးထောင်ရာဂေဟာတွင် ကလေးငယ်များအတွက်နေထိုင်ရာအဆောင် ဆောက်လုပ်ရန်အကူအညီများလိုအပ်နေ

EPN
မြစ်ကြီးနား၊ မေလ ၁၈

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာရှိ စိန်မောနီကားမိဘမဲ့နှင့်ဆင်းရဲခက်ခဲသောသားသမီးများအားပြုစုပျိုးထောင်ရာဂေဟာတွင် ကလေးငယ်များအတွက် နေထိုင်ရာ အဆောင်များ ဆောက်လုပ်နိုင်ရန်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိနေထိုင်ရာ အဆောင်များမှာ နှစ်ကာလကြာမြင့်နေသည်ဖြစ်သည့်အတွက် အဆောင်သစ်ဆောက်လုပ်ရန်နှင့် ကလေးငယ်များပြားလာသည့်အတွက်ထပ်တိုးအဆောင်များဆောက်လုပ်ရန် လိုအပ်နေကြောင်း စိန်မောနီကားမိဘမဲ့နှင့်ဆင်းရဲခက်ခဲသောသားသမီးများအားပြုစုပျိုးထောင်ရာဂေဟာရှိ တာဝန်ခံတစ်ဦးကပြောသည်။

” ဆရာမတို့က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ထဲက ရွာရဲ့ အနီးနားက ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေ မိဘမဲ့ ကလေးတွေကို စုပြီး တည်ထောင်ခဲ့တာ၊ အခုဆို ကလေးငယ်တွေကလဲ အများကြီးဖြစ်လာပြီ၊ ကလေးတွေများလာတော့ သူတို့တွေနေဖို့က ခက်ခဲလာတယ် ၊ နောက်ပြီး လက်ရှိအဆောင်တွေက ဆောက်လုပ်ထားတာကြာတော့ ဆွေးမြေ့လာပြီ အဲ့အတွက်လဲ ပြန်ဆောက်ဖို့ ခက်ခဲနေတယ် အလှူရှင်တွေ ရှိရင်တော့ ၊ ဒီနှစ်မိုးကုန်တာနဲ့ စတင်ဆောက်လုပ်ချင်တယ် ” ဟု ၎င်းကပြောသည်။

ယခင်နှစ်များက အဆောင် ပြုပြင်ဆောက်လုပ်ရန်အလှူရှင်များ ရှိခဲ့သော်လည်း ဂေဟာ၏ မြေယာအခက်အခဲများကြောင့် ဆောင်လုပ်ခွင့်မရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြေယာအတိအကျ ရှိပြီဖြစ်သည့်အတွက် အလှူရှင်များဖြင့် စုပေါင်းကာ ကလေးငယ်များအတွက် လိုအပ်သည့် အဆောင်များ ဆောက်လုပ်နိုင်ရန် စီစဥ်ထားကြောင်း ၎င်းကဆက်လက်ပြောပြခဲ့သည်။

ယင်းစိန်‌မောနိမိဘမဲ့နှင့်ဆင်းရဲခက်ခဲသောသားသမီးများအားပြုစုပျိုးထောင်ရာဂေဟာကျောင်းကို ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ် အ‌ယောက် ၆၀ ဝန်းကျင် ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။