Trending Now

ဟင်္သာတမြို့နယ်တွင် ဆန်အိတ်များတင်မောင်းလာသည့် ကားတိမ်းမှောက်သဖြင့် ယာဉ်မောင်းသေဆုံး

Spread the love

ဟင်္သာတမြို့နယ်တွင် ဆန်အိတ်များတင်မောင်းလာသည့် ကားတိမ်းမှောက်သဖြင့် ယာဉ်မောင်းသေဆုံး

EPN
ဧရာဝတီ၊ ဇန်နဝါရီ ၄

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကံလှကျေးရွာအုပ်စု အမှတ်(၁)မြို့ရှောင်လမ်းပေါ်တွင် ဇန်နဝါရီ ၃ ရက် ယနေ့ မနက်ပိုင်းက ဆန်အိတ်များ တင်မောင်းလာသည့် ကုန်တင်ကား တိမ်းမှာက်ပြီး ယာဉ်မောင်း သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကုန်တင်ကား တိမ်းမှောက်မှုကြောင့် ကုန်တင် ကားမောင်းလာသည့် ယာဉ်မောင်း အောင်နိုင်ဦးဆိုသူမှ
ကားခေါင်းအတွင်းညှပ်ပြီး ဘယ်မျက်ခုံး၊ နှာခေါင်းရိုး ဘယ်ဘက်ပါး၊ ဦးခေါင်း၊ ဘက်ရင်အုံပေါက်ပြဲယာခြေ သလုံးပြတ်ထွက် ၊ လည်ချောင်းစသည့်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကားတိမ်းမှောက်မှုဖြစ်စဉ်သည် ဆန်အိတ်များ တင်ဆောင်မောင်းလာသည့် ကားသည် ဟင်္သာမြို့နယ် ကုန်းကြီးကျေးရွာဘက်မှ လယ်တော်ကျေးရွာဘက်သို့ ဆန်အိတ်များတင်ဆောင်ပြီး ယာဉ်မောင်းအောင်နိုင်ဦး မောင်းလာသည့် Mitsubishi ၊ cander ခြောက်ဘီးကုန်တင်ယာဉ်သည် မိုင်တိုင် အမှတ် ၁ မိုင်၊ ၁ ဖာလုံနှင့် ၂ ဖာလုံအကြား အရောက်လမ်းယာဘက်ခြမ်းရှိ ကျွန်းပင်ကို ဝင်တိုက်မိကာတိမ်းမှောက်သွားပြီး ယာဉ်မောင်း အောင်နိုင်ဦးသည် ကားခေါင်းခန်းအတွင်း ညှပ်ကာနေရာတွင် ပွဲခြင်းပြီးသေဆုံးရခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သည့်ပရဟိတ အသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

”ဖြစ်တာက မနက်ပိုင်းကပါ၊ ကားက ဆန်အိတ်တွေလည်း တင်လာတာမနည်းဘူး၊ ကျွန်းပင်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တိမ်းမှောက်တာ၊ ကားရှေ့ ဦးခေါင်းပိန်ဝင်ချိုင့်ပြီး အောက်တန်းလော့ပြုတ်ထွက်သွားပြီး ပျက်စီးသွား၊ ကားခေါင်းထဲမှာ ညှက်နေတဲ့ ယာဉ်မောင်းကိုကယ်ဆယ်ခဲ့ တယ်၊ ယာဉ်မောင်းက ရရှိတဲ့ဒဏ်ရာတွေများလို့ အခင်းဖြစ် နေရာမှာပဲသေဆုံးသွားတာ။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ (သေဆုံး) ယာဉ်မောင်း အောင်နိုင်ဦးကို ဟင်္သာတမြို့မရဲစခန်းမှ ယာဉ်(ပ) ၁/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။