Trending Now

အင်းတော်ကြီးမြို့တွင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်ရေးပညာပေးပြခန်း အိပ်ဆောင်အဆောက်အဦးလွှဲပြောင်းပေးအပ်

Spread the love

အင်းတော်ကြီးမြို့တွင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်ရေးပညာပေးပြခန်း အိပ်ဆောင်အဆောက်အဦးလွှဲပြောင်းပေးအပ်

EPN
အင်းတော်ကြီး၊ မေ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့၊ ရွှေအင်းသာရပ်ကွက်၌ရှိသော သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးပညာပေးပြခန်း အိပ်ဆောင်အဆောက်အဦး လွှဲပြောင်းပေးအပ်ခြင်းကို မေလ ၃၀ရက်နေ့၊ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ရှမ်းနီးစာပေနှင့်ရိုးရာယဥ်ကျေးမှုအသင်း၊ သဘာဝပတ်ဝန်းကျင်ပညာပေးပြခန်းနဲ့ အိပ်ဆောင်မှာ အင်းတော်ကြီးဒေသက ဆရာဆရာမကျောင်းသားကျောင်းသူတွေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင်နဲ့ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့အတွက်ရည်ရွယ်ပြီး ပြုလုပ်ရတာ ဖြစ်တယ် ” ဟု ရှမ်းနီရိုးရာစာပေနှင့် ယဥ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိန်လွင်ဦးက ပြောသည်။

ယင်းအိပ်ဆောင်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦးဆန့်သော အိပ်ဆောင် (၁) ဆောင် (၆၀’ x ၄၀’)နှင့် ဝရံတာ (၂၀’ x ၂၀’) အကျယ်ရှိသော အိပ်ဆောင်ကို အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ Fauna & Flora International – Pl (FFI) မှ အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိန်လွင်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

“အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး လာရောက်တည်းခိုကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ဆရာဆရာမများကို ကြိုဆိုနေရာ ချပေးခြင်း၊ ချက်ပြုတ်နည်း သင်တန်းနေရာ စီစဉ်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးတွက် ပံ့ပိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပံ့ပိုးခြင်းများ ဆောင်ရွက်သွားဖို့ ဖြစ်တယ်” ဟု တာဝန်ခံ ဦးသန်းစိန်ကပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများအတွက်၊ ပညာပေးပြခန်းသို့ ညအိပ်ခရီးစဉ် လာရောက်ကြသော အင်းတော်ကြီးဒေသအတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တည်းခိုနိုင်ရန်နှင့် ချက်ပြုတ်နည်းသင်တန်းများ ပြုလုပ်နိုင်ရန်အတွက် အိပ်ဆောင်အဆောက်အဦးကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ညရိုးရာယဉ်ကျေးမှုရုံးဝန်းတွင် ထိန်းသိမ်းရေးပညာပေးပြခန်းနှင့် စပ်လျဉ်း၍ အိပ်ဆောင်တစ်ခုကို Chances for Nature မှ ပံ့ပိုးသော ရန်ပုံငွေ တန်ဖိုးကျပ် (၉၆၉၁၈၁၀၀) ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆောက်လုပ်မှု ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာပတ်ဝန်းကျင်ပညာပေးပြခန်းနှင့် အိပ်ဆောင်လွဲပြောင်းပေးအပ်ခြင်း အခမ်းနားတွင် အင်းတော်ကြီးဒေသရှိ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း ပြုလုပ်ခဲ့ပြီး၊ အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှု ကော်မတီဝင်များ၊ ကချင်ရိုးရာစာပေနှင့် အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အကပဒေသာအဖွဲ့များနှင့် ဒေသခံရွာသူရွာသားများက တက်ရောက်ခဲ့ကြောင်း သိရသည်။

နေကြာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။